ဂန့်ဂေါ ဇန်နဝါရီ ၂၄
မကွေးတိုင်းဒေသကြီး၊ ဂန့်ဂေါခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပညာရေးဦးစီးဌာနတို့ပူးပေါင်း၍ အခြေခံစာသင်ကျောင်းများ၌ ပညာဆည်းပူးနေသော ကျောင်းသား/ကျောင်းသူ၊ လူငယ်/လူရွယ်များ အသိပညာဗဟုသုတတိုးပွားစေရေး ဆောင်ရွက်လျက်ရှိရာ ယမန်နေ့နံနက် ၉ နာရီအချိန်က အ.ထ.က(ဂန့်ဂေါ)ကျောင်း၌ ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေး ဆောင်ရွက်ခဲ့ကြသည်။
ရှေးဦးစွာ ဂန့်ဂေါခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ယဉ်ယဉ်အေးက ကလေးအလုပ်သမားပပျောက်ရေးရည်မှန်းချက် (၃)ရပ်၊ ကလေးအလုပ်သမားများ၏ အလုပ်ချိန်ကန့်သတ်ချက်များ၊ ကလေးများအနေဖြင့် ပညာရေးနှင့် အသက်မွေးဝမ်းကျောင်း ပညာသင်ယူရေးနှင့် ကလေးသူငယ်များ၏ အခွင့်အရေးဆိုင်ရာများတို့ကို အသိပညာပေး ဟောပြောခဲ့ကြောင်း သိရသည်။
ထို့နောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ပြသထားသည့် အသိပညာပေး နံရံကပ်စာစောင်များကို ကျောင်းသား/သူများက စိတ်ဝင်စားစွာ ကြည့်ရှုခဲ့ကြပြီး ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေးလက်ကမ်းစာစောင်များလည်း ဖြန့်ဝေပေးခဲ့ကြောင်း သိရှိရသည်။
ခရိုင်(ပြန်/ဆက်)