ကံမမြို့နယ်၌ အငြိမ်းစားဝန်ထမ်းများအား မကူးစက်နိုင်သောရောဂါများ ရှာဖွေစစ်ဆေးခြင်းနှင့် အခမဲ့ကုသပေး

ကံမ ဇန်နဝါရီ ၂၄

မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ ကံမမြို့ ပြည်သူ့ဆေးရုံ၌ အသက်(၆၀)နှင့်အထက် အငြိမ်းစားဝန်ထမ်းများအား မကူးစက်နိုင်သောရောဂါများ ရှာဖွေစစ်ဆေးခြင်းနှင့် ကုသမှုပေးခြင်း အစီအစဉ်အဖြစ် ဆီးချိုသွေးချို၊ သွေးတိုးနှင့် နှလုံးရောဂါအစရှိသည့် ရောဂါများအား စစ်ဆေးကုသပေးခြင်းကို ယနေ့နံနက်(၁၀)နာရီက မြို့နယ်ပြည်သူ့ဆေးရုံတွင် အခမဲ့စမ်းသပ်စစ်ဆေး  ကုသပေးခဲ့သည်။

ထိုသို့စစ်ဆေးကုသရာတွင် အငြိမ်းစားဝန်ထမ်းများအား စာရင်းပေးသွင်းပြီး ကိုယ်အလေးချိန်နှင့် အရပ်တိုင်းတာခြင်း၊ သွေးပေါင်ချိန်တိုင်းတာခြင်း၊ ကိုယ်အပူချိန်တိုင်းတာခြင်း၊ ဆီးချိုသွေးချို စစ်ဆေးပေးခြင်း၊ ECG စစ်ဆေးပေးခြင်း စသည်တို့ကို ဆောင်ရွက်ပေး၍ လိုအပ်သည့်ကုသမှုများအား မြို့နယ်ဆရာဝန်ကြီး ဒေါက်တာဝေလင်းဗိုလ်နှင့် ကျန်းမာရေးဝန်ထမ်းများက အခမဲ့စစ်ဆေးကုသခြင်းများ ဆောင်ရွက်ပေးခဲ့ပြီး အပါတ်စဉ် ဗုဒ္ဇဟူးနေ့တိုင်း စမ်းသပ်စစ်ဆေး ကုသပေးလျက်ရှိကြောင်း မြို့နယ်ကျန်းမာရေးဦးစီးဌာနမှ သိရသည်။

ကျော်ဇေယျဝင်း(ကံမ)