နတ်မောက် ဇန်နဝါရီ ၂၄
မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့ နယ်တောင်ထောင့်ကျေးရွာတွင် ဆိုလာရေတင်စနစ် ရေသွင်းစိုက်ပျိုးခြင်းဖြင့် အဆင့်မြင့် လယ်ယာမြေ ဖော်ဆောင်စိုက်ပျိုးလျက်ရှိကြောင်း သိရသည်။
ထိုသို့ဆောင်ရွက်ရာတွင် တောင်သူများအနေဖြင့် လျှပ်စစ်၊ ဒီဇယ်အင်ဂျင်တို့ အသုံးပြု၍ ရေသွင်းစိုက်ပျိုးနေခဲ့ရာမှ သဘာဝနေရောင်ခြည်စွမ်းအင်သုံး ဆိုလာဖြင့် ထုတ်လုပ်သည့် လျှပ်စစ်ကို အသုံးပြုလျက်ရှိခြင်းကြောင့် တောင်သူများအနေဖြင့် သီးနှံစိုက်ဧကများအတွက် လျှပ်စစ်ဓာတ်အားခ ဒီဇယ်ဆီဖိုးခကုန်ကျစရိတ် သက်သာစေသည့်အတွက် ဆိုလာအသုံးပြု ရေတင်စနစ်ကို အကောင်အထည်ဖော်ဆောင်ရွက်ကြရန်၊ ဆိုလာစနစ်ဖြင့် ရေတင်ရာတွင် တစ်နာရီလျှင် ရေဂါလံ (၃၆၀၀)နှုန်း ရေရှိကြောင်း ဆိုလာစနစ်ဖြင့် ရေသွင်းစိုက်ပျိုးနေသည့် တောင်ထောင့်ကျေးရွာ စိုက်ပျိုးရေးတောင်သူက ရှင်းလင်းပြောကြားခဲ့သည်။ အဆိုပါ ဆိုလာစနစ်ဖြင့် ရေသွင်းစိုက်ပျိုးထားသည့် ငရုတ်နှင့် ဝါသီးနှံစိုက်ခင်းများကို မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနက ကြည့်ရှု၍ လိုအပ်သည့် စိုက်ပျိုးရေးနည်းပညာများနှင့် စိုက်ပျိုးရန်မျိုးစေ့များကိုလည်း ကူညီဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ဆိုလာရေတင်စနစ်ဖြင့် စိုက်ပျိုးသည့် တောင်သူများအား ရှင်းလင်းပြောကြားခဲ့ကြောင်း သိရသည်။
လှဝင်း