တောင်တွင်းကြီး ဇန်နဝါရီ ၂၄
မကွေးတိုင်းဒေသကြီး၊ တောင်တွင်းကြီးမြို့နယ်တွင် ကိုဗစ်- ၁၉ ရောဂါ ကူးစက်ပြန့်ပွားမူမရှိစေရေးအတွက် မြို့နယ်တာဝန်ရှိသူများနှင့် ကျန်းမာရေးဦးစီးဌာနမှ ကျန်းမာရေးဝန်ထမ်းများ ပူးပေါင်း၍ ယနေ့နံနက် (၈)နာရီခွဲက စီးပွားရေးဘဏ်တွင် Pfizer Vaccination(Booster)အမျိုးအစား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးများ ထပ်ဆောင်းထိုးနှံပေးခြင်းကို ဆက်လက်ဆောင်ရွက်ခဲ့ကြသည်။
အဆိုပါ ကာကွယ်ဆေးထိုးနှံရာတွင် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးမှူး ဒေါက်တာနေဇော်အောင်နှင့် ကျန်းမာရေးဝန်ထမ်းများက (Pfizer)အမျိုးအစား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးများကို အသက် ၆၀ နှင့်အထက် ပင်စင်စားနိုင်ငံဝန်ထမ်းများအား ဆေးမထိုးမီ ကိုယ်အပူချိန်တိုင်းတာခြင်း၊ ကျန်းမာရေးစစ်ဆေးခြင်းများပြုလုပ်၍ ကျန်းမာရေးဝန်ကြီးဌာန၏ လမ်းညွှန်ချက်နှင့်အညီ ကျန်းမာရေးဝန်ထမ်းများက ထပ်ဆောင်း ထိုးနှံပေးခဲ့ကြောင်း သိရသည်။
ထိုသို့ ထိုးနှံရာတွင် သက်ကြီးရွယ်အိုပင်စင်စား နိုင်ငံဝန်ထမ်းစုစုပေါင်း (၁၈၉)ဦးတို့အား ထိုးနှံပေးခဲ့ကြပြီး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်ရေးကော်မတီမှ တာဝန်ရှိသူများက လိုအပ်သည်များကို ပူပေါင်းပါဝင်ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ရန်နောင်စိုး(ပြန်/ဆက်)