တောင်တွင်းကြီးမြို့နယ် အောင်မြင်ဇေယျရခိုင်စေတီတော်မြတ်ကြီးတွင် အသံမစဲ ဥပ္ပါသန္တိပါဠိတော်ရွတ်ဖတ်ပူဇော်ပွဲအခမ်းအနား ပိတ်ပွဲ ကျင်းပ

တောင်တွင်းကြီး ဇန်နဝါရီ  ၂၄

မကွေးတိုင်းဒေသကြီး၊​ မကွေးခရိုင်၊ တောင်တွင်းကြီးမြို့နယ် အောင်မြင်ဇေယျရခိုင်စေတီတော်မြတ်ကြီး ပရဝဏ်အတွင်း အသံမစဲ ဥပ္ပါတသန္တိပါဠိတော်ရွတ်ဖတ်ပူဇော်ပွဲအခမ်းအနားပိတ်ပွဲကို ယနေ့နံနက် (၁၀)နာရီက အဆိုပါဘုရားကြီးရှိ သန္တိတသုခဓမ္မာရုံကြီး၌ ကျင်းပရာ တောင်တွင်းကြီးမြို့နယ် ရှေ့ဟောင်းသမိုင်းဝင်ဇေယျမင်္ဂလာ ရွှေအင်းတောင်စေတီတော်မြတ်ကြီး၏ သြဝါဒစရိယ တိုင်းသံဃနာယကအကျိုးတော်ဆောင် ဆရာတော်၊ ငှက်ပစ်တောင်ကျောင်းတိုက် ပဓာနနာယက အဂ္ဂမဟာကမ္မဌာနစရိယ မဟာသဒ္ဓမဇောတိကဓဇ ဘဒ္ဒန္တစာရိတ္တအမှူးပြုသော ဆရာတော်၊ သံဃာတော်များ ကြွရောက်ချီးမြှင့်တော်မူကြသည်။

ရှေ့ဦးစွာ အခမ်းအနားကို နမောတဿ သုံးကြိမ်ရွတ်ဆို၍ ဖွင့်လှစ်ခဲ့ပြီး မြို့နယ်သံဃာ့နာယကအဖွဲ့ဥက္က၊ သာယာအေးကျောင်းတိုက်၏ ဦးစီးပဓာနနာယက သဒ္ဓမ္မဇောတိကဓဇ ဘဒ္ဓန္တစာရိတ္တထံမှ တက်ရောက်လာသည့် ဧည့်ပရိတ်သတ်များက ငါးပါးသီလခံယူဆောက်တည်ကြပြီး ဆရာတော်သံဃာ့တော်များ ရွတ်ပွားသရဇ္ဓျယ်တော်မူသည့် ပရိတ်တရားတော်များအား နာယူကြည်ညိုကြသည်။

ဆက်လက်၍ ဆရာတော်များထံ လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းခဲ့ကြပြီး မကွေးတိုင်းဒေသကြီး သံဃနာယကအဖွဲ့ အကျိုးတော်ဆောင်ဆရာတော် ပဓာနနာယက အဂ္ဂမဟာကမ္မဌာစရိယ၊ အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ ဘဒ္ဒန္တမာနိတထံမှ အနုမောဒနာ တရားတော်များနာယူ၍ လှူဒါန်းမှုအစုစုတို့အတွက် အမျှပေးဝေခဲ့ကြောင်း သိရသည်။

ထိုနောက် မြို့နယ်သံဃနာယကအဖွဲ့အကျိုးတော်ဆောင်ဆရာတော် ဘဒ္ဒန္တသီလဝံသဆရာတော်မှ နတ်ဗြဟ္မာများအား ပြန်လည်ပို့ဆောင်ခဲ့ပြီးဗုဒ္ဓသာသနံ စိရံ တိ တုသုံးကြိမ်ရွတ်ဖတ်ပူဇော်ဆုတောင်း၍ အခမ်းအနားကို ရုတ်သိမ်းခဲ့ကြောင်း သိရသည်။

ရန်နောင်စိုး(ပြန်/ဆက်)