သရက်မြို့၌ လူသုံးကုန်ထုတ်လုပ်မှုနည်းပညာသင်တန်း အမှတ်စဉ် (၅/၂၀၂၄) ဖွင့်လှစ်

သရက် ဇန်နဝါရီ ၂၄

မကွေးတိုင်းဒေသကြီး သရက်မြို့နယ် ရေဖြူကျေးရွာအုပ်စု မုဆိုးရင်ကျေးရွာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၏ ကြီးကြပ်မှုဖြင့် သရက်ခရိုင် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ လူသုံးကုန်ထုတ်လုပ်မှုနည်းပညာသင်တန်းကို ယမန်နေ့နံနက် ၉ နာရီက ဖွင့်လှစ်ပို့ချပေးခဲ့ကြောင်း သိရသည်။

အဆိုပါ လူသုံးကုန်ထုတ်လုပ်မှုနည်းပညာသင်တန်းအမှတ်စဉ် (၅/၂၀၂၄)သို့ သင်တန်းသူ(၂၀)ဦး တက်ရောက်သင်ကြားခဲ့ပြီး အိမ်သုံးကုန်ပစ္စည်းများဖြစ်သည့် ဆပ်ပြာ၊ ခေါင်းလျော်ရည်၊ ဖူဂျီဆပ်ပြာရည် ပြုလုပ်နည်းတို့ကို ၂၃-၁-၂၀၂၄ ရက်နေ့မှ ၂၇-၁-၂၀၂၄ ရက်နေ့အထိ သင်တန်းကာလ(၅)ရက်ကြာ စာတွေ့လက်တွေ့ သင်ကြားပို့ချပေးသွားမည်ဖြစ်ကြောင်း သရက်ခရိုင် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ သိရသည်။

ခရိုင်(ပြန်/ဆက်)