မကွေးတိုင်းဒေသကြီး

ငဖဲမြို့နယ် ကံသာကျေးရွာ အခြေခံပညာမူလတန်းကျောင်းတွင် စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာပေးဟောပြောပွဲနှင့် ကလေးစာဖတ်ဝိုင်း ကွင်းဆင်းဆောင်ရွက်

မကွေးတိုင်းဒေသကြီး မင်းဘူးခရိုင် ငဖဲမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများမှ ကျောင်းသား ကျောင်းသူများ ကျောင်းပြင်ပ အသိပညာဗဟုသုတတိုးပွားစေရန်နှင့် စာဖတ်ရှိန်မြှင့်တင်ရန် ရည်ရွယ်၍ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်လူမှုဝန်ထမ်းဦးစီးဌာနတို့ ပူးပေါင်းပြီး အသိပညာပေးဟောပြောပွဲနှင့် ကလေးစာဖတ်ဝိုင်းကို ယနေ့နံနက် ၁၀ နာရီက ကံသာကျေးရွာ အခြေခံပညာမူလတန်းကျောင်းတွင် ကျင်းပဆောင်ရွက်ခဲ့သည်။

စလင်းမြို့နယ်တွင် မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် အာလူးအအေးခန်းတည်ဆောက်ပြီးစီးမှုအား ကွင်းဆင်းကြည့်ရှု ဒေသခံတောင်သူများနှင့် တွေ့ဆုံ

မကွေးတိုင်းဒေသကြီး မင်းဘူးခရိုင် စလင်းမြို့နယ် ဆင်ဖြူကျွန်း မြောက်ချောင်းဖြူ ကျေးရွာအုပ်စု အာလူးထုတ်လုပ်သူများ အထွေထွေစီးပွားရေးသမဝါယမအသင်းလီမိတက် အာလူးအအေးခန်း သိုလှောင်ရုံတည်ဆောက်ရေးလုပ်ငန်းပြီးစီးမှုအခြေအနေအား ယမန်နေ့နံနက်(၁၁)နာရီ ၂၅ အချိန်က မကွေးတိုင်းဝန်ကြီးချုပ် သီရိပျံချီ ဦးတင့်လွင် အစိုးရအဖွဲ့ဝင်ဝန်ကြီးများက ကွင်းဆင်းဒေသခံတောင်သူများနှင့် တွေ့ဆုံဆွေးနွေးအားပေးကြည့်ရှုခဲ့ကြောင်း သိရသည်။

ငဖဲမြို့နယ်တွင် (၇၇)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် သတင်းစကား လက်ကမ်းစာစောင်များ ဖြန့်ဝေ

မကွေးတိုင်းဒေသကြီး မင်းဘူးခရိုင် ငဖဲမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ပြည်သူများနှင့် ကျောင်းသား/သူများ အသိပညာဗဟုသုတတိုးပွားစေရန် ရည်ရွယ်၍ (၇၇)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် သတင်းစကား လက်ကမ်းစာစောင်များကို ယနေ့နံနက်ပိုင်းက အခြေခံပညာကျောင်းများတွင် ဖြန့်ဝေပေးခဲ့သည်။

ဆိပ်ဖြူမြို့နယ်တွင် မွေးကင်းစမှ(၁)နှစ်ခွဲ ကလေးငယ်များနှင့် ကိုယ်ဝန်ဆောင်မိခင်များအား လစဉ်ပုံမှန် ကာကွယ်ဆေးထိုး ဆေးတိုက်ခြင်းများ ဆောင်ရွက်ပေး

မကွေးတိုင်းဒေသကြီး ဆိပ်ဖြူမြို့နယ်တွင် မွေးကင်းစမှ (၁)နှစ်ခွဲ ကလေးငယ်များနှင့် ကိုယ်ဝန်ဆောင်မိခင်များအား လစဉ်ပုံမှန်ကာကွယ်ဆေးများ ထိုးနှံပေးခြင်းလုပ်ငန်းကို မြို့နယ်ပြည်သှု့ကျန်းမာရေးဦးစီးဌာန၊ ပြည်သူ့ဆေးရုံ၌ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

မြို့သစ်မြို့နယ်တွင် နိုင်ငံ့ဝန်ထမ်း(အငြိမ်းစား) အဖိုး/အဖွားများကို အခမဲ့ ဆေးကုသပေး

မကွေးတိုင်းဒေသကြီး၊ မြို့သစ်မြို့နယ်တွင် နိုင်ငံ့ဝန်ထမ်း(အငြိမ်းစား)များ၏ ကျန်းမာရေးအား တစ်ဘက်တစ်လမ်းမှ ကူညီစောင့်ရှောက်သည့်အနေဖြင့် မကွေးတိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးဦးစီးဌာန၏ လမ်းညွှန်ကြီးကြပ်မှုဖြင့် မြို့သစ်မြို့နယ် ကျန်းမာရေးဦးစီးဌာနမှ နိုင်ငံဝန်ထမ်း(အငြိမ်းစား)များအား သွေးတိုး၊ ဆီးချို၊ နှလုံးကျန်းမာရေးအား အခမဲ့စမ်းသပ်စစ်ဆေးကုသပေးလျက်ရှိကြောင်း မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ သိရသည်။

စလင်းမြို့နယ်​ ရေနားကျေးရွာ ၂၀၂၃-၂၀၂၄ ပညာသင်နှစ် (အ.မ.က) မူလွန်ကျောင်း၊ ကျောင်းဆောင်းသစ် လွှဲပြောင်းပေးအပ်ပွဲအခမ်းအနား

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စလင်းမြို့နယ် ရေနားကျေးရွာအုပ်စု၊ ရေနားကျေးရွာ အခြေခံပညာမူလတန်းလွန်ကျောင်း၊ ကျောင်းဆောင်သစ် လွှဲပြောင်းပေးအပ်ပွဲ အခမ်းအနားကို အခြေခံပညာဦးစီးဌာနမှ မူလတန်းလွန်ကျောင်းဆောင်သစ် လွှပြောင်းပေးအပ်ခြင်း အခမ်းအနားကို ယနေ့မန်နေ့ နံနက် (၁၁) နာရီအချိန်က အခြေခံပညာမူလတန်းလွန်ကျောင်း (RCC-တစ်ထပ် (Lon Post) (၁)ထပ်ကျောင်း ဆောင်သစ်လွှဲပြောင်းပေးအပ်ခြင်း အခမ်းအနားကို ကျင်းပပြုလုပ်ခဲ့သည်။

နတ်မောက်မြို့နယ် န/ကျားထူး- န/လက်ခုပ်ပင်- န/ဂွေးချိုလမ်းရှိ ကိုယ့်အားကိုယ်ကိုး ရေကျော်တံတား ရာနှုန်းပြည့် ပြီးစီး

မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့နယ် န/ကျားထူး- ကြူအိုင်- န/လက်ခုပ်ပင်- န/ဂွေးချိုလမ်းအား ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနက အရှည် ၄-မိုင် ၄-ဖာလုံမြေသားလမ်းခင်းခြင်းလုပ်ငန်းကို ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်ခွင့်ပြုရန်ပုံငွေ ကျပ်သန်း (၉၈ဒဿမ ၄၇)သန်းဖြင့် ဖောက်လုပ်ခဲ့ကြောင်း သိရသည်။

မင်းဘူး(စကု)မြို့နယ်၌ ပဲစင်းငုံများ ဈေးကောင်းရရှိ၍ စိုက်ပျိုးသူတို့ အဆင်ပြေလျက်ရှိ

မကွေးတိုင်းဒေသကြီး၊ မင်းဘူး(စကု)မြို့နယ်၌ ပဲစင်းငုံများ ဈေးကောင်းရရှိသောကြောင့် စိုက်ပျိုးသည့် တောင်သူများ အဆင်ပြေလျက်ရှိကြောင်း သိရသည်။

နတ်မောက်မြို့မဈေး အတွင်း/အပြင်ဘက် လမ်းမြေပေါ်တွင် ကျုးကျော်၍ ဈေးရောင်းချမှုမရှိစေရေး ကွင်းဆင်းဆောင်ရွက်

မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့နယ် စည်ပင်သာယာရေးအဖွဲ့မှ အမှုဆောင်အရာရှိ၏ ဦးဆောင်ကြီးကြပ်မှုဖြင့် ယမန်နေ့နံနက်ပိုင်းက မြို့မဈေးအတွင်း/အပြင်ဘက် ကျူးကျော်၍ ဈေးရောင်းချမှုမရှိစေရေး ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။

စေတုတ္တရာမြို့နယ်တွင် လူငယ်များ ဗလငါးတန်ဘက်စုံဖွံ့ဖြိုးတိုးတက်‌စေရန် လူငယ်ရေးရာအသိပညာပေး ဟောပြော

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စေတုတ္တရာမြို့နယ်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြိုနယ်အားကစားနှင့်ကာယပညာဦးစီးဌာနနှင့် ပညာရေးဌာနတို့ ပူးပေါင်း၍ အနာဂတ်မျိုးဆက်သစ်လူငယ်လူရွယ်များ ဗလငါးတန်ဖွံ့ဖြိုးတိုးတက်စေရန်၊ မျိုးချစ်စိတ်ဓာတ် ရှင်သန်ထက်မြက်စေရန်နှင့် နိုင်ငံတော်ကိုအကျိုးပြုမည့် လူငယ်လူရွယ်များဖြစ်လာစေရန် ရည်ရွယ်၍ လူငယ်ရေးရာ အသိပညာပေးဟောပြောခြင်းနှင့် အားကစားပစ္စည်းများ ပေးအပ်ခြင်းကို ယမန်နေ့နံနက် (၁၀) နာရီက အခြေခံပညာအလယ်တန်းကျောင်း(မထိမ်း)၌ ကျင်းပပြုလုပ်ခဲ့သည်။
Subscribe to မကွေးတိုင်းဒေသကြီး