စလင်း ဖေဖော်ဝါရီ ၇
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စလင်းမြို့နယ် ရေနားကျေးရွာအုပ်စု၊ ရေနားကျေးရွာ အခြေခံပညာမူလတန်းလွန်ကျောင်း၊ ကျောင်းဆောင်သစ် လွှဲပြောင်းပေးအပ်ပွဲ အခမ်းအနားကို အခြေခံပညာဦးစီးဌာနမှ မူလတန်းလွန်ကျောင်းဆောင်သစ် လွှပြောင်းပေးအပ်ခြင်း အခမ်းအနားကို ယနေ့မန်နေ့ နံနက် (၁၁) နာရီအချိန်က အခြေခံပညာမူလတန်းလွန်ကျောင်း (RCC-တစ်ထပ် (Lon Post) (၁)ထပ်ကျောင်း ဆောင်သစ်လွှဲပြောင်းပေးအပ်ခြင်း အခမ်းအနားကို ကျင်းပပြုလုပ်ခဲ့သည်။
ရေနားကျေးရွာ အခြေခံပညာမူလတန်းလွန်ကျောင်း ကျောင်းဆောင်သစ် လွှဲပြောင်းပေးအပ်ပွဲ အခမ်းအနားဖွင့်ပွဲသို့ မြို့နယ်ပညာရေးမှူးကိုယ်စား လက်ထောက်ပညာရေးမှူး ဦးစန်းလွင် နှင့်တာဝန်ရှိသူများ တော်ဆောင်များနှင့် ကျောင်းအုပ်ဆရာမကြီး ဒေါ်မြင့်မြင့်စိန်နှင့် ဆရာ၊ ဆရာမ၊ ကျောင်းသား၊ ကျောင်းသူများနှင့်ကျေးရွာ အုပ်ချုပ်ရေးမှူးနှင့် ကျောင်းသားမိဘများစုံ ညီစွာတက်ရောက်ခဲ့ကြသည်။
ရှေးဦးစွာ ရေနားကျေးရွာ ကျောင်းဆောင်သစ်လွှဲပြောင်းပေးအပ်ပွဲ အခမ်းအနားကျင်းပရန် သတ်မှတ်နေ ရာကျောင်းရှေ့တွင် နေရာယူ၍ မင်္ဂလာအချိန်ကျရောက်သည့် နံနက်(၁၁)နာရီ အချိန်တွင် ဦးစန်းလွင်နှင့် တာဝန်ရှိသူများက နေရာယူ၍ ဖဲကြိုးဖြတ်ဖွင့်လှစ်ခဲ့ကာ အခမ်းအနားတွင် မြို့နယ်ပညာရေးမှူးကိုယ်စား လက်ထောက်ပညာရေးမှူး ဦးစန်းလွင်က အဖွင့်အမှာစကားပြောကြားခဲ့သည်။
ဆက်လက်၍ ရေနားကျေးရွာ အခြေခံပညာမူလတန်းလွန်ကျောင်းမှ ကျောင်းသား၊ ကျောင်းသူကလေးများက ရွှေမိုးငွေမိုး တေးသီချင်းကို သီဆိုဖျော်ဖြေ၍ ဂုဏ်ပြုသီဆိုခဲ့ပြီး မင်္ဂလာပါတေးသီချင်း၊ မြန်မာ့ကျောင်း၊ မြတ်ဆရာတေးသီချင်းများ အကအလှစုံလင်စွာဖြင့် ကျောင်းသူကလေးများက ဂုဏ်ပြုသီဆိုကပြခဲ့ကြသိရသည်။
ရေနားကျေးရွာ မူလတန်းလွန်ကျောင်းဆောင်သစ်ဆောက်လုပ်ရန် ပညာရေးဝန်ကြီးဌာန၏ ခွင့်ပြုရန်ပုံငွေကျပ်သိန်း (၁၅၀၀) ဖြင့် အကုန်အကျခံကာ၊ မြို့စလင်းမင်းရွှေတောင်ကုမ္ပဏီမှ တင်ဒါအောင်မြင်၍ တာဝန်ယူဆောင်ရွက်ဆောက်လုပ်ပြီးစီးခဲ့ပြီး စလင်းမင်းရွှေတောင်ကုမ္ပဏီမှ ကျောင်းဆောင်သစ်နှင့် ပတ်သက်သည့် စာရွက်စာတမ်းများကို မြို့နယ်ပညာရေးမှူး ကိုယ်စားဦးစန်းလွင်ထံသို့ လွှဲပြောင်းပေးအပ်အလံများကိုပေးအပ်ခဲ့ပြီး၊ လက်ထောက်ပညာရေးမှူး ဦးစန်းလွင်မှ ကျောင်းဆောင်သစ်ကြီး ဆောက်လုပ်ပြီးစီးခဲ့ပြီး မိမိတို့ကျေးရွာ ကျောင်းအုပ်ဆရာမကြီးနှင့် ဆရာ၊ ဆရာမများနှင့် အတူကျောင်းသား၊ ကျောင်းသူများ ကျောင်းသားမိဘများနှင့် ကျောင်းအကျိုးတော်ဆောင်များရပ်ရွာမှ ဝိုင်းဝန်းထိန်းသိမ်း စောင့်ရှောက်ကြမှသာလျှင် ကျောင်းဆောင်သစ်ကြီး ရေရှည်တည်တံ့ခိုင်မြဲကာ ကျောင်းသား၊ ကျောင်းသူများ စိတ်အေးချမ်းသာစွာ ပညာသင်ကြားနိုင်မည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။
အဆိုပါ အခမ်းအနားသို့ တာဝန်ရှိသူများနှင့် ကျောင်းအုပ်ဆရာမကြီး ဆရာမများနှင့် ကျောင်းအကျိုးတော်ဆောင်များ စုစုပေါင်းအင်အား (၁၅၀) ခန့် တက်ရောက်ကြကြောင်း သိရှိရသည်။
(မောင်လွင်)စလင်း