နတ်မောက် ဇန်နဝါရီ ၇
မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့နယ် စည်ပင်သာယာရေးအဖွဲ့မှ အမှုဆောင်အရာရှိ၏ ဦးဆောင်ကြီးကြပ်မှုဖြင့် ယမန်နေ့နံနက်ပိုင်းက မြို့မဈေးအတွင်း/အပြင်ဘက် ကျူးကျော်၍ ဈေးရောင်းချမှုမရှိစေရေး ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
မြို့နယ်စည်ပင်သာယာရေးအဖွဲ့သည် မြို့မဈေး အတွင်း/အပြင် ဆိုင်ခန်းရှင်များအား ကျူးကျော်တည်ခင်းရောင်းချမှုမရှိစေရေး၊ ပျံကျဈေးရောင်းချမှုများအား စည်းကမ်းနှင့်အညီ စနစ်တကျ သတ်မှတ်ထားသည့် နေရာများတွင် ရောင်းချစေရေး၊ ပွင့်လင်းရာသီရောက်ရှိလာပြီဖြစ်သည့်အတွက် ဈေးအတွင်း/အပြင် မီးဘေးလုံခြုံရေးအတွက် ဆောင်ရွက်ထားရှိမှုအခြေအနေနှင့် နေ့စဉ် မိမိတို့၏ ဆိုင်ခန်းများမှ အမှိုက်များ စနစ်တကျ စွန့်ပစ်မှုအခြေအနေများကို အမှုဆောင်အရာရှိ၊ တာဝန်ခံအင်ဂျင်နီယာနှင့် ဈေးတာဝန်ခံတို့မှ ကွင်းဆင်းစစ်ဆေးဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
မူမူစန်း