ဆိပ်ဖြူ ဖေဖော်ဝါရီ ၇
မကွေးတိုင်းဒေသကြီး ဆိပ်ဖြူမြို့နယ်တွင် မွေးကင်းစမှ (၁)နှစ်ခွဲ ကလေးငယ်များနှင့် ကိုယ်ဝန်ဆောင်မိခင်များအား လစဉ်ပုံမှန်ကာကွယ်ဆေးများ ထိုးနှံပေးခြင်းလုပ်ငန်းကို မြို့နယ်ပြည်သှု့ကျန်းမာရေးဦးစီးဌာန၊ ပြည်သူ့ဆေးရုံ၌ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
အဆိုပါလုပ်ငန်းကို မြို့နယ်မြို့နယ်ပြည်သှု့ကျန်းမာရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဒေါက်တာခင်မောင်ကြည်၏ ကြီးကြပ်မှုဖြင့် မြို့နယ်ပြည်သှု့ကျန်းမာရေးဦးစီးဌာန ဆရာ/ဆရာမများက မွေးကင်းစမှ (၁)နှစ်ခွဲကလေးငယ်များနှင့် ကိုယ်ဝန်ဆောင်မိခင်များအား ဆိပ်ဖြူပြည်သူ့ဆေးရုံနှင့် မြို့နယ်မိခင်နှင့်ကလေးစောက်ရှောက်ရေးဌာန၊ အောက်ဆိပ်ကျေးလက်ရေးဌာနတို့၌ ဆောင်ရွက်ပေးလျက်ရှိကြောင်း ဆိပ်ဖြူမြို့နယ်အတွင်းရှိ ကျေးရွာပေါင်း ၁၄၀ မှ ကာကွယ်ဆေးထိုးဆေးတိုက်ရန် မွေးကင်းစမှ (၁)နှစ်ခွဲကလေးငယ် (၁၂၆၉) ဦး၊ ကိုယ်ဝန်ဆောင်မိခင်(၁၀၁၀)ဦး လျာထားဆောင်ရွက်ခဲ့ပြီး သက်ဆိုင်ရာကျေးလက်ကျန်းမာရေးက ဆရာ/ဆရာမများက ချိတ်ဆက်၍ လစဉ်ပုံမှန်ကာကွယ်ဆေးထိုး ဆေးတိုက်ခြင်းလုပ်ငန်းများကို ဆောင်ရွက်ပေးနေကြောင်း၊ အကြောင်းအမျိုးမျိုးကြောင့် ရောက်ရှိနေသည့် ကိုယ်ဝန်ဆောင်များနှင့် ကလေးငယ်များကိုလည်း ပုံမှန်ကာကွယ်ဆေးထိုး ဆေးတိုက်ခြင်းလုပ်ငန်းများကို ဆောင်ရွက်ပေးကြောင်း မြို့နယ်ဆရာဝန်ကြီးက ပြောကြားသိရှိရသည်။
ကိုဇွဲ(အညာမြေ)