မြို့သစ်မြို့နယ်တွင် နိုင်ငံ့ဝန်ထမ်း(အငြိမ်းစား) အဖိုး/အဖွားများကို အခမဲ့ ဆေးကုသပေး

မြို့သစ်  ​​ဖေဖေါ်ဝါရီ 

မကွေးတိုင်းဒေသကြီး၊ မြို့သစ်မြို့နယ်တွင် နိုင်ငံ့ဝန်ထမ်း(အငြိမ်းစား)များ၏ ကျန်းမာရေးအား တစ်ဘက်တစ်လမ်းမှ ကူညီစောင့်ရှောက်သည့်အနေဖြင့် ကွေးတိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးဦးစီးဌာန၏ လမ်းညွှန်ကြီးကြပ်မှုဖြင့် မြို့သစ်မြို့နယ် ကျန်းမာရေးဦးစီးဌာနမှ နိုင်ငံဝန်ထမ်း(အငြိမ်းစား)များအား သွေးတိုး၊ ဆီးချို၊ နှလုံးကျန်းမာရေးအား အခမဲ့စမ်းသပ်စစ်ဆေးကုသပေးလျက်ရှိကြောင်း မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ သိရသည်။

ထိုသို့စမ်းသပ်စစ်ဆေးပေးရာတွင် မြို့သစ်မြို့နယ် ကျန်းမာရေးဦးစီးဌာနမှူးမှဦးဆောင်၍ ကျန်းမာရေးဝန်ထမ်းများက အပတ်စဥ်(ဗုဒ္ဓဟူးနေ့)တိုင်း မြို့နယ်ပြည်သူ့ဆေးရုံဝင်းရှိ သံဃာဆောင်၌ နံနက် ၉ နာရီမှ ၁၂ နာရီအထိ နိုင်ငံဝန်ထမ်း(အငြိမ်းစား)များအား သွေးခုန်နှုန်းတိုင်းတာခြင်း၊ အဖျားတိုင်းခြင်းများ ဆောင်ရွက်ကာ လိုအပ်သည့် စမ်းသပ်ချက်များအပေါ် အခမဲ့စမ်းသပ်စစ်ဆေး ကုသပေးလျက်ရှိကြောင်း မြို့နယ်ဆရာဝန်ကြီးထံက သိရသည်။

သန်းဝင်းထွန်း (ပြန်/ဆက်)