စလင်းမြို့နယ်တွင် နွေစပါး (၅၄၆) ဧကစိုက်ပျိုးပြီးစီး
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စလင်းမြို့နယ်တွင် ဒေသတွင်း ဆန်စပါးဖူလုံပိုလျှံစေရေးအတွက် ၂၀၂၆ ခုနှစ် နွေသီးနှံများစိုက်ပျိုးရာသီတွင် မဲဇလီဆည်ရေနှင့် စလင်းရေလှောင်တမံရေဖြင့် နွေစပါး ၅၄၆ ဧက စိုက်ပျိုးပြီးစီးပြီဖြစ်ကြောင်း သိရသည်။