သရက် မတ် ၄
မကွေးတိုင်းဒေသကြီး သရက်မြို့၌ မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန မြို့နယ်ဦးစီးမှူး ဦးစိုးနိုင်ဝင်းနှင့် ဝန်ထမ်းများက ယမန်နေ့နံနက်ပိုင်းက အမှတ်(၅)ရပ်ကွက်၌ အသက် (၁၀)နှစ်မှ (၁၈)နှစ်ကြား၊ အသက် (၁၈)နှစ်အထက် နိုင်ငံသားစိစစ်ရေးကတ်မရှိသူများအား ရက်(၁၀၀) စီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်နှင့် အိမ်ထောင်စုများအား အမှတ်(၅)ရပ်ကွက်ရုံးတွင် ကွင်းဆင်းဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
ဇော်ထက်(သရက်)