တောင်တွင်းကြီးမြို့နယ် ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနရုံး (တည်ဆောက်ရေး-၃)၌ မီးဘေးလုံခြုံရေး အသိပညာပေးဟောပြောပွဲနှင့် ဇာတ်တိုက်လေ့ကျင့်မှုများဆောင်ရွက်

တောင်တွင်းကြီး မတ် ၄

မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ တောင်တွင်းကြီးမြို့နယ်တွင် မီးဘေးအန္တရာယ်ကြောင့် ပျက်ဆီးဆုံးရှုံးမှုများမှ ကြိုတင်ကာကွယ်နိုင်ရန်နှင့် မီးသတ်ဆေးဘူးအားအသုံးပြု၍ မီးငြှိမ်းသတ်ခြင်းလုပ်ငန်းများ ဆောင်ရွက်နိုင်စေရန်ရည်ရွယ်၍ မီးဘေးလုံခြုံရေး ဟောပြောပွဲနှင့် ဇာတ်တိုက်လေ့ကျင့်မှုများ ဆောင်ရွက်ခြင်းကို ယမန်နေ့နံနက် ၈ နာရီအချိန်က ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနရုံး (တည်ဆောက်ရေး -၃)  ကျင်းပပြုလုပ်ခဲ့သည်။

 အဆိုပါမီးဘေးလုံခြုံရေး အသိပညာပေးဟောပြောပွဲနှင့် ဇာတ်တိုက်လေ့ကျင့်မှုများ ဆောင်ရွက်ခြင်းကို မြို့နယ်မီးသတ်ဦးစီးဌာန မီးသတ်ဦးစီးအရာရှိ ဦးစောမောင်၏ လမ်းညွှန်မှုဖြင့် ဒုတိယမီးသတ်ဦးစီးမှူး၊ မီးသတ်စခန်းမှူး ဦးသက်နိုင်ဦး ဦးဆောင်၍ မီးအခြေခံသဘောတရား၊ မီးသတ်ဆေးဘူး အသုံးပြုနည်းနှင့်လက်တွေ့မီးငြှိမ်းသတ်ခြင်းများအား အသိပညာပေး ဟောပြောခဲ့ပြီး မြို့နယ်မီးသတ်ဦးစီးဌာန မီးသတ်တပ်ဖွဲ့ဝင်များက မီးသတ်ဆေးဘူး ကိုင်တွယ် အသုံးပြု၍ မီးငြှိမ်းသတ်ခြင်း၊ မီးငြှိမ်းသတ်ယာဥ်ဖြင့် မီးငြှိမ်းသတ်ခြင်းတို့ကို သရုပ်ပြဇာတ်တိုက် လေ့ကျင့်မှုများအား လက်တွေ့ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

ထို့နောက် မီးဘေးလုံခြုံရေးကွင်းဆင်းစစ်ဆေးရာတွင် ဆည်မြောင်းနှင့် ရေအသုံးချမှု စီမံခန့်ခွဲရေးဦးစီးဌာန (တည်ဆောက်ရေး-၃)ရုံး ဝန်ထမ်းများ၏ဝန်ထမ်းလိုင်းခန်း (၇၀)ကျော်အား  စနစ်တကျ မီးသုံးစွဲမှု ရှိ၊ မရှိ၊ လျှပ်စစ်ဝါယာကြိုးများ စနစ်တကျ သွယ်တန်းထားမှု ရှိ၊ မရှိ တစ်အိမ်တက်ဆင်း လိုက်လံစစ်ဆေးပြီး မီးဘေးကြိုတင်ကာကွယ်ရေးအတွက် ရေလှောင်ကန်များတွင် ရေဖြည့်တင်းထားရှိရေး၊ မီးချိတ်၊ မီးကပ်၊ သဲပုံး၊ ရေပုံးနှင့်မီးသတ်ဆေးဘူးများ ဆောင်ရွက်ထားရှိရေး၊ မီးလောင်လွယ်သည့် အရာဝတ္ထုပစ္စည်းများအား စနစ်တကျ သိုလှောင် ထားရှိရေး၊ ဖယောင်းတိုင်မီး၊ ခြင်ဆေးမီး၊ မီးဖိုမီးများအား စနစ်တကျငြိမ်းသတ်ပြီးမှ အိပ်ကြပါရန်၊ လျှပ်စစ်မီးအား သတိထားကိုင်တွယ်ကြရန် အသိပညာပေးဆွေးနွေးခဲ့ကြောင်း သိရသည်။

နောင်နောင်