မကွေးတိုင်းဒေသကြီး

မင်းဘူး(စကု)မြို့နယ်တွင် မဲဆန္ဒရှင်ပြည်သူများအား မဲပေးစက်ဆိုင်ရာ အသိပညာပေးခြင်းနှင့် လက်တွေ့စမ်းသပ် မဲပေးခြင်းလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူး(စကု)မြို့နယ်အတွင်းရှိ မဲဆန္ဒရှင်ပြည်သူများအား မြန်မာအီလက်ထရောနစ် မဲပေးစက်နှင့်ပတ်သက်၍ သိရှိနားလည်စေရန်အတွက် အသိပညာပေးခြင်းနှင့် လက်တွေ့စမ်းသပ်မဲပေးခြင်းလုပ်ငန်းကို ယမန်နေ့ နေ့လယ် ၁ နာရီက စကုမြို့ အမှတ် ၁၊ အမှတ် ၂၊ အမှတ် ၃ ရပ်ကွက်များသို့ ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။

စလင်းမြို့နယ် ပေါင်းနားရပ်ကွက်ကွန်ကရစ်လမ်းနှင့် အုတ်ရေမြောင်းဆောင်ရွက်မှု ရာနှုန်းပြည့်ပြီးစီးနေမှု တာဝန်ရှိသူများ ကွင်းဆင်းကြည့်ရှုစစ်ဆေး

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စလင်းမြို့နယ် စည်ပင်သာယာရေးအဖွဲ့က ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ် ဌာန၏ ငွေလုံးငွေရင်းရန်ပုံငွေဖြင့် မြို့နယ်အတွင်းဒေသဖွံ့ ဖြိုးရေးနှင့် ဒေသခံပြည်သူများ အဆင်ပြေစွာ သွားလာနိုင်ရန်အတွက် လမ်းတံတား အုတ်ရေမြောင်းနှင့် ဒေသဖွံ့ရေးလုပ်ငန်းများကို ဆောင်ရွက်ခဲ့ရာ ပေါင်းနားရပ်ကွက် အတွင်းရှိ ကွန်ကရစ်လမ်းနှင့် အုတ်ရေမြောင်း၊ ရာနှုန်း ပြည့်ပြီးစီးနေမှုအား ယနေ့ နံနက်ပိုင်းက၊ တာဝန်ရှိသူများ ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

စလင်းမြို့နယ် ပေါင်းနားရပ်ကွက်ကွန်ကရစ်လမ်းနှင့် အုတ်ရေမြောင်းဆောင်ရွက်မှု ရာနှုန်းပြည့်ပြီးစီးနေမှု တာဝန်ရှိသူများ ကွင်းဆင်းကြည့်ရှုစစ်ဆေး

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စလင်းမြို့နယ် စည်ပင်သာယာရေးအဖွဲ့က ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ် ဌာန၏ ငွေလုံးငွေရင်းရန်ပုံငွေဖြင့် မြို့နယ်အတွင်းဒေသဖွံ့ ဖြိုးရေးနှင့် ဒေသခံပြည်သူများ အဆင်ပြေစွာ သွားလာနိုင်ရန်အတွက် လမ်းတံတား အုတ်ရေမြောင်းနှင့် ဒေသဖွံ့ရေးလုပ်ငန်းများကို ဆောင်ရွက်ခဲ့ရာ ပေါင်းနားရပ်ကွက် အတွင်းရှိ ကွန်ကရစ်လမ်းနှင့် အုတ်ရေမြောင်း၊ ရာနှုန်း ပြည့်ပြီးစီးနေမှုအား ယနေ့ နံနက်ပိုင်းက၊ တာဝန်ရှိသူများ ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

ဆင်ပေါင်ဝဲမြို့နယ်အတွင်းရှိ တောင်သူများအား မိုးရာသီသီးနှံစိုက်ပျိုးစရိတ်ချေးငွေများ ဆက်လက်ထုတ်ချေး

မကွေးတိုင်းဒေသကြီး၊ အောင်လံခရိုင်၊ ဆင်ပေါင်ဝဲမြို့နယ် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်မှ မြို့နယ်အတွင်းရှိ စိုက်ပျိုးရေးတောင်သူများအတွက် ၂၀၂၅ ခုနှစ်၊ မိုးရာသီ သီးနှံစိုက်ပျိုးထုတ်လုပ်မှုအတွက် စိုက်ပျိုးစရိတ်ချေးငွေများ ထုတ်ပေးခြင်းကို ယမန်နေ့မွန်းလွဲ  ၁ နာရီအချိန်က ထုတ်ချေးပေးခဲ့ကြောင်း သိရသည်။

ဆိပ်ဖြူမြို့ ပတ္တမြားဈေး၌ ပလတ်စတစ်သုံးစွဲမှုလျှော့ချရေးနှင့် အမှိုက်စနစ်တကျစွန့်ပစ်ရေး ကွင်းဆင်းစစ်ဆေးခြင်းနှင့် အသိပညာပေးခြင်း ဆောင်ရွက်

မကွေးတိုင်းဒေသကြီး၊ ဆိပ်ဖြူမြို့နယ် စည်ပင်သာယာရေးအဖွဲ့ပိုင် ပတ္တမြားဈေး၌ ပလတ်စတစ်သုံးစွဲမှုလျှော့ချရေးနှင့် အမှိုက်စနစ်တကျစွန့်ပစ်ရေး ကွင်းဆင်းစစ်ဆေးခြင်းနှင့် အသိပညာပေးလုပ်ငန်းကို ယနေ့နံနက်က ကွင်းဆင်းဆောင်ရွက်ခဲ့သည်။

နတ်မောက်မြို့နယ်၌ မိုးချည်မျှင်ရှည်ဝါ (ရွှေတောင်-၈)များ အောင်မြင်ဖြစ်ထွန်း

မကွေးတိုင်းဒေသကြီး နတ်မောက်မြို့နယ်၌ မိုးသီးနှံစိုက်ပျိုးရာသီတွင် သီးနှံစိုက်ပျိုးထုတ်လုပ်မှုကဏ္ဍ ဖွံ့ဖြိုးတိုးတက်စေရန်နှင့် ဒေသခံတောင်သူများ သီးနှံဝင်ငွေတိုးပွားစေရန်အတွက် ချည်မျှင်ရှည်ဝါသီးနှံဧက (၃၀၄၇၈)လျာထားပြီး ချည်မျှင်ရှည်ဝါ (ရွှေတောင်-၈)များ အောင်မြင်ဖြစ်ထွန်းလျက်ရှိသည်။

ပခုက္ကူခရိုင်အဆင့် သက်ကြီးရွယ်အိုများဆိုင်ရာကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပ  

မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်အဆင့် သက်ကြီးရွယ်အိုများဆိုင်ရာကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့နံနက် ၉ နာရီအချိန်က ပခုက္ကူမြို့၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြဧရာ(၂)ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌသည် မင်းလှမြို့နယ်အတွင်းရှိ မိုးသီးနှံစိုက်ပျိုးထားရှိမှုအခြေအနေများ ကွင်းဆင်းကြည့်ရှု

မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းလှမြို့နယ်တွင် ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးမြတ်ထွန်းအောင်၊ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့် မြို့နယ်စိုက်ပျိုးရေးကြီးကြပ်မှုကော်မတီအဖွဲ့ဝင်တို့သည် ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ်တွင် မိုးသီးနှံစိုက်ပျိုးထားရှိမှုနှင့် မြို့သန့်ရှင်းသာယာလှပရေး ဆောင်ရွက်ထားရှိမှုကို ယမန်နေ့ နေ့လယ်က ကွင်းဆင်းကြည့်ရှုကြသည်။

မင်းဘူး(စကု)မြို့နယ်၌ ဒေသတွင်း စိုက်ပျိုးစွမ်းအားမြှင့်တင်ရေး အရှိန်အဟုန်မြှင့်ဆောင်ရွက်ရန် ဒေသခံတောင်သူများနှင့် တွေ့ဆုံ

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူး(စကု)မြို့နယ်၌ ဒေသတွင်း စိုက်ပျိုးစွမ်းအား မြှင့်တင်ရေးနှင့် သီးနှံစိုက်စွမ်းအားတိုးတက်မားရေး အရှိန်အဟုန်မြှင့်တင်ဆောင်ရွက်ရန် ဒေသခံ တောင်သူများနှင့် တွေ့ဆုံဆွေးနွေးပွဲကို စက်တင်ဘာလ ၇ ရက်နေ့ နံနက်ပိုင်းက ကမ်းနီဆိုလာလျှပ်စစ် မြစ်ရေတင်လုပ်ငန်းဧရိယာ၌ ကျင်းပရာ အခမ်းအနားသို့ မကွေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင့်လွင်နှင့်အတူ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ တိုင်းဒေသကြီး၊ ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် ဒေသခံတောင်သူများ တက်ရောက်သည်။

နတ်မောက်မြို့၌ စာဖတ်ရှိန်မြှင့်တင်ရေး လူကုန်ကူးမှုတားဆီးကာကွယ်‌ရေးနေ့အထိမ်းအမှတ် စာစီစာကုံးပြိုင်ပွဲ ကျင်းပ

မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပညာရေးဌာနတို့ပူးပေါင်း၍ စာဖတ်ရှိန်မြှင့်တင်ရေး လူကုန်ကူးမှုတားဆီးကာကွယ်ရေးနေ့အထိမ်းအမှတ် အထက်တန်းအဆင့် စာစီစာကုံးပြိုင်ပွဲကို လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမ၌ ယနေ့နံနက် ၁၀ နာရီအချိန်က ကျင်းပခဲ့သည်။
Subscribe to မကွေးတိုင်းဒေသကြီး