မကွေးတိုင်းဒေသကြီး

စလင်းမြို့နယ်တွင် ဘောလုံးအားကစားနည်းသင်တန်း ဖွင့်လှစ်သင်ကြား

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စလင်းမြို့နယ်တွင် ဘောလုံးအားကစားနည်း  အဆင့်တန်းတိုးတက်မြှင့်မားစေရန်၊ မျိုးဆက်သစ်အားကစားသမားများ ပေါ်ထွက်လာစေရန်အတွက် နွေရာသီဘောလုံးအားကစားနည်းသင်တန်းကို အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း အားကစားကွင်း၌ ဖွင့်လှစ်သင်ကြားပေလျက်ရှိကြောင်း သိရသည်။

ငဖဲမြို့နယ် ရှောက်ဝကျေးရွာတွင် အပူဒဏ်ကာကွယ်ရေး အသိပညာပေးဟောပြောပွဲ ကွင်းဆင်းဆောင်ရွက်

မကွေးတိုင်းဒေသကြီး မင်းဘူးခရိုင် ငဖဲမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်စာအုပ်စာပေချစ်မြတ်နိုးသူအသင်း Book Club အသင်းတို့ ပူးပေါင်း၍ အပူဒဏ်ကာကွယ်ရေး အသိပညာပေးဟောပြောပွဲနှင့် လက်ကမ်းစာစောင်များဖြန့်ဝေခြင်းကို ယနေ့နံနက် ၉ နာရီက ရှောက်ဝကျေးရွာဘုန်းတော်ကြီးကျောင်းဓမ္မာရုံတွင် ဆောင်ရွက်သည်။

ငဖဲမြို့နယ်၌ မြန်မာ့ရိုးရာမဟာသင်္ကြန်ပွဲတော် စည်ကားသိုက်မြိုက်စွာကျင်းပနိုင်ရေး ကြိုတင်ပြင်ဆင်ဆောင်ရွက်

မကွေးတိုင်းဒေသကြီး မင်းဘူးခရိုင် ငဖဲမြို့နယ်၌ မြန်မာသက္ကရာဇ် ၁၃၈၇ ခုနှစ်  မြန်မာ့ရိုးရာယဉ်ကျေးမှုမဟာသင်္ကြန်ပွဲတော် စည်ကားသိုက်မြိုက်စွာကျင်းပနိုင်ရေးအတွက် ပဒါန်းတပ်နယ်မှူးနှင့် မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌတို့မှ ဦးဆောင်၍ သင်္ကြန်ပွဲတော်ကျင်းပရေးဆပ်ကော်မတီအဖွဲ့များက ယနေ့နံနက်ပိုင်းတွင် ကြိုတင်ပြင်ဆင်မှုများ စနစ်တကျဆောင်ရွက်လျက်ရှိသည်။

တောင်တွင်းကြီးမြို့နယ်၌ မော်တော်ယာဉ်များ စုံရက်၊ မရက် ခွဲခြား၍ မောင်းနှင်ခြင်း ရှိ/မရှိစစ်ဆေး

မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ တောင်တွင်းကြီးမြို့နယ်အတွင်း စက်သုံးဆီခြိုးခြံချွေတာသုံးစွဲရေးအတွက် သတ်မှတ်ထားသည့် စုံရက်၊ မရက်များအလိုက် ယာဉ်များမောင်းနှင်နိုင်ခြင်း ရှိ/မရှိစစ်ဆေးခြင်းကို ယမန်နေ့နံနက်(၉)နာရီအချိန်က တောင်တွင်းကြီး- ပြည်လမ်းတစ်လျှောက် စစ်ဆေးရေးဂိတ်များ၌ ဆောင်ရွက်ကြသည်။

ဂန့်ဂေါမြို့တွင် နွေရာသီပန်းချီသင်တန်း၊ စစ်တုရင်သင်တန်း သင်တန်းဆင်းပွဲနှင့် ဆုပေးပွဲအခမ်းအနား ကျင်းပ

မကွေးတိုင်းဒေသကြီး၊ ဂန့်ဂေါမြို့တွင် ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ကြီးမှူး၍ ဖွင့်လှစ်ခဲ့သည့် နွေရာသီပန်းချီသင်တန်း၊ စစ်တုရင်သင်တန်း သင်တန်းဆင်းပွဲနှင့် ဆုပေးပွဲအခမ်းအနားကို ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ယမန်နေ့နံနက် ၉ နာရီအချိန်က ကျင်းပပြုလုပ်ခဲ့သည်။

မကွေးတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံး၌ မီးဘေးလုံခြုံရေးအသိပညာပေးခြင်းနှင့် မီးငြှိမ်းသတ်မှု လက်တွေ့သရုပ်ပြသခြင်း ဆောင်ရွက်

ပူပြင်းခြောက်သွေ့သော ပွင့်လင်းရာသီကာလအတွင်း မီးဘေးလုံခြုံရေးအတွက် ရည်ရွယ်၍ မီးဘေးလုံခြုံရေးအသိပညာပေးခြင်းနှင့် မီးငြှိမ်းသတ်မှုလက်တွေ့သရုပ်ပြသခြင်းကို ယမန်နေ့ နံနက်ပိုင်းက မကွေးတိုင်းဒေသကြီးရဲတပ်ဖွဲ့မှူးရုံး၌ ကျင်းပပြုလုပ်ရာ အခမ်းအနားသို့ တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးမှ တပ်ဖွဲ့ဝင်များနှင့် မိသားစုဝင်များ၊ စုစုပေါင်း (၁၀၀) ဦးခန့် တက်ရောက်ခဲ့ကြသည်။

မကွေးတိုင်းဒေသကြီးအတွင်း စားသုံးသူပြည်သူများလက်ဝယ်သို့ စားအုန်းဆီများအပြည့်အဝ ထုတ်ယူရရှိရေး ကွင်းဆင်းစစ်ဆေး

မကွေးတိုင်းဒေသကြီး စားအုန်းဆီဖြန့်ဖြူးရောင်းချခြင်းကြီးကြပ်ရေးကော်မတီ၏ လမ်းညွှန်ချက်ဖြင့် မကွေးတိုင်းအတွင်းရှိ ခွဲဝေရရှိသည့် ပြည်သူ့ဆီ (၂%) အမြတ်ဖြင့် ရောင်းချသော စားအုန်းဆီများအား ခရိုင်အလိုက် နယ်မြေအခြေအနေနှင့် လူဦးရေအပေါ်အခြေခံ၍ ကုမ္ပဏီ(၁၁)ခုမှ ဖြန့်ခွဲရောင်းချလျက် ရှိရာ ရုံးပိတ်ရက်ရှည်(သင်္ကြန်ကာလအတွင်း) ခရိုင်/မြို့နယ်အတွင်းရှိ ရပ်ကွက်၊ ကျေးရွာများမှ စားသုံးသူ ပြည်သူများ လက်ဝယ်သို့ အပြည့်အဝပြန့်ပြန့်နှံနှံ ရောက်ရှိစေရန်နှင့် သတ်မှတ်ရည်ညွှန်းဈေးများအတိုင်း ရောင်းချစေရေး မကွေးတိုင်းဒေသကြီး၊ ခရိုင်/မြို့နယ်များတွင် စားအုန်းဆီဖြန့်ဖြူး ရောင်းချခြင်းကြီးကြပ် ရေးကော်မတီ အတွင်းရေးမှူး စားသုံးသူရေးရာဦးစီးဌာန၊  တိုင်းဒေသကြီးဦးစီးမှူး ဦးရဲမျိုးလွင်ဦးဆောင် ၍ ယမန်နေ့ နံနက်ပိုင်းက မကွေးမြို့နယ်၊ မင်းဘူးမြို့ နယ်တို့တွင်သက်ဆိုင်ရာ တိုင်း/ခရိုင်မြို့နယ်အဖွဲ့ဝင်များဖြစ်သည့် အထူးစုံစမ်းရေးဦးစီးဌာန၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ စည်ပင်သာယာရေးအဖွဲ့၊ ဗဟိုစာရင်းအင်းအဖွဲ့တို့ဖြင့် ကွင်းဆင်းစစ်ဆေးသည်။

စေတုတ္တရာမြို့နယ်တွင် နိုင်ငံ့ဝန်ထမ်းအငြိမ်းစားများအား ကျန်းမာရေးစမ်းသပ်စစ်‌ဆေးကုသပေးခြင်း ဆောင်ရွက်

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စေတုတ္တရာမြို့နယ်တွင် နိုင်ငံ့ဝန်ထမ်းအငြိမ်းစားများအား ဆီးချို၊ သွေးတိုး၊ နှလုံးရောဂါစစ်‌ဆေးပေးခြင်းနှင့် အခမဲ့စစ်ဆေးကုသပေးခြင်းတို့ကို‌ ယနေ့နံနက်(၁၀)နာရီခွဲက စေတုတ္တရာမြို့နယ် မိခင်နှင့်က‌လေးဌာနရုံး၌ ဆောင်ရွက်ခဲ့သည်။

သရက်မြို့၌ မြန်မာ့ရိုးရာမဟာသင်္ကြန်ပွဲတော်အား စည်ကားသိုက်မြိုက်စွာ ကျင်းပသွားမည်

မကွေးတိုင်းဒေသကြီး၊ သရက်မြို့၌ ၁၃၈၇ ခုနှစ်၊ မြန်မာ့ရိုးရာ အတာသင်္ကြန်ပွဲတော်ကို ဧပြီ ၁၃ ရက်မှ ၁၆ ရက်နေ့အထိ ကျင်းပသွားမည်ဖြစ်ရာ ဗဟိုမဏ္ဍပ်နှင့် ရေကစားမဏ္ဍပ်များ ဌာနဆိုင်ရာရေကစားမဏ္ဍပ်များ၊ ရပ်ကွက်ကျေးရွာရေကစားမဏ္ဍပ်များ စတင်ဆောက်လုပ်လျက်ရှိကြသည်။

စကုမြို့ အပူရှောင်စခန်းတွင် သက်ကြီးဘိုးဘွားများအား ကျန်းမာရေးစောင့်ရှောက်မှုများ ဆောင်ရွက်ပေး

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူး(စကု)မြို့နယ်၊ စကုမြို့ အမှတ်(၂)ရပ်ကွက်ရှိ မိုးကုတ်ဝိပဿနာဓမ္မရိပ်သာတွင် အပူရှောင်စခန်းအား နေ့စဉ်ဖွင့်လှစ်ထားရှိပြီး အပူရှောင်လာရောက်နားခိုနေထိုင်သည့် သက်ကြီးဘိုးဘွားများအား ကျန်းမာရေးစောင့်ရှောက်မှုများ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
Subscribe to မကွေးတိုင်းဒေသကြီး