မင်းတုန်း ဧပြီ ၁၁
မကွေးတိုင်းဒေသကြီး၊ မင်းတုန်းမြို့တွင် ၂၀၂၆ ခုနှစ်၊ မြန်မာ့ရိုးရာမဟာသင်္ကြန် ပွဲတော်ကို ဧပြီလ ၁၃ ရက် အကြိုနေ့မှ ၁၆ ရက် အတက်နေ့အထိ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ၏ ဦးဆောင်မှုဖြင့် ဌာနဆိုင်ရာများနှင့် မြို့မိ မြို့ဖ စီးပွားရေးလုပ်ငန်းရှင်များ ပူးပေါင်း၍ စည်ကားသိုက်မြိုက်စွာ ကျင်းပသွားမည်ဖြစ်သည်။
၂၀၂၆ ခုနှစ်၊ မင်းတုန်းမြို့ မြန်မာ့ရိုးရာမဟာသင်္ကြန်ပွဲတော်တွင် ယိမ်းအကအလှများ၊ ယိမ်းပြိုင်ပွဲများ၊ ဖျော်ဖြေရေးအစီအစဉ်များ၊ ရေကစားမဏ္ဍပ်များ၊ လမ်းလျှောက်သင်္ကြန်တို့ဖြင့် စည်ကားသိုက်မြိုက်စွာ ကျင်းပမည်ဖြစ်ပြီး လမ်းလျှောက်သင်္ကြန်တွင် အကြိုနေ့မှ အတက်နေ့အထိ ဌာနဆိုင်ရာများနှင့် အလှုရှင်များမှ စတုဒိသာဖြင့် နေ့စဉ်ကျွေးမွေး ဧည့်ခံမည်ဖြစ်ကြောင်း သိရသည်။
ချင်းကလေး(NRDC)