သရက်မြို့၌ အလှူငွေဆက်ကပ်လှူဒါန်းပွဲ ကျင်းပ

သရက် ဧပြီ ၁၁

မကွေးတိုင်းဒေသကြီး သရက်မြို့ ထုံးတောင်ကျေးရွာအုပ်စု ဘာဝနာကျောင်းတိုက်အတွင်း ဆင်ယင်ကျင်းပပြုလုပ်အပ်သည့် ဘာဝနာကျောင်းတိုက်ပင်မ (၂) ထပ်ကျောင်းဆောင် ပြန်လည်ပြုပြင်မွမ်းမံရန် အလှူငွေဆက်ကပ် လှူဒါန်းခြင်းအခမ်းအနားကို ယနေ့နံနက် (၁၀) နာရီက ထုံးတောင်ကျေးရွာအုပ်စု ဘာဝနာဘုန်းတော်ကြီးကျောင်းတွင် ပြုလုပ်ခဲ့သည်။

အဆိုပါ အခမ်းအနားတွင် နမောတဿ (၃) ကြိမ် ရွတ်ဆိုဘုရားကန်တော့ဖွင့်လှစ်ခဲ့ပြီး ဘာဝနာကျောင်းတိုက်၏ ဦးစီးပဓာနနာယကဆရာတော် အဂ္ဂမဟာသဒ္ဓမဇောတိကဓဇ ဘဒ္ဒန္တကေသဝထံမှ ငါးပါးသီလခံယူဆောက်တည်ကြပြီး သရက်တပ်နယ်မှူး ဗိုလ်မှူးကြီး ညီညီသွင်က အလှူတော်ငွေကျပ် (၁၀) သိန်း၊ သရက်ခရိုင် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးမြတ်ထွန်းဦးနှင့် အဖွဲ့ဝင်များက အလှုတော်ငွေကျပ် (၃၁) သိန်းနှင့် အလှူရှင် (၃) ဦးက စုပေါင်းလှူဒါန်းငွေကျပ် (၁၅) သိန်း စုစုပေါင်းငွေကျပ် (၅၆) သိန်း ဆက်ကပ်လှူဒါန်းခဲ့ကြသည်။

ယင်းနောက် လှူဒါန်းမှုအစုစုအတွက် ရေစက်သွန်းချအမျှပေးဝေခဲ့ကြပြီး ဗုဒ္ဓသာသနံစိရံတိဋ္ဌတု (၃) ကြိမ် ရွတ်ဆိုဆုတောင်း၍ အခမ်းအနား ရုပ်သိမ်းခဲ့ကြောင်း သိရသည်။

ဇော်ထက်(သရက်)