နတ်မောက် ဧပြီ ၁၁
မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့နယ်အတွင်းရှိ ကျေးရွာများမှ တောင်သူများ စိုက်ပျိုးရောင်းချသည့် ကြက်သွန်နီများ သင်္ကြန်ကာလအတွင်း ရောင်းအားသွက်၍ ဈေးကောင်းရရှိလျက်ရှိသည်။
နတ်မောက်မြို့နယ်အတွင်းရှိ ကြက်သွန်စိုက်တောင်သူများအနေဖြင့် “ကျွန်တော်တို့တောင်သူတွေအနေနဲ့ လူအင်အား၊ ငွေအင်အားအရင်းအနှီးများသော ကြက်သွန်နီများကို စိုက်ပျိုးရာတွင် ယခင်နှစ်ကထက် ဈေးကောင်းရရှိပြီး ယခုနှစ် သင်္ကြန်ကာလအတွင်းမှာ ကြက်သွန်နီတစ်ပိဿာလျှင် (၂၅၀၀)နှုန်းကျပ်ဖြင့် ရောင်းချရပြီး ရောင်းအားသွက်သဖြင့် မိသားစုစားဝတ်နေရေး အဆင်ပြေလျက်ရှိကြောင်း ကြက်သွန်စိုက်တောင်သူ ဦးညိုမင်းထံ”ထံက သိရသည်။
သင်းသင်းဝေ