တောင်တွင်းကြီးမြို့၊ မြို့မစည်ပင်သာယာဈေးကြီးတွင် သင်္ကြန်ကာလ အလှူအတန်းပြုလုပ်ရန် ဈေးရောင်း/ ဈေးဝယ်သူများဖြင့်စည်ကား

တောင်တွင်းကြီး ဧပြီ ၁၁

မကွေးတိုင်ဒေသကြီး၊ မကွေးခရိုင် တောင်တွင်းကြီးမြို့နယ် မြို့မစည်ပင်သာယာဈေးကြီးတွင် ယနေ့နံနက်ပိုင်းက သင်္ကြန်ကာလ အလှူအတန်းပြုလုပ် ရန်ဈေးဝယ်သူများ ကြိတ်ကြိတ်တိုး စည်ကားလျက်ရှိကြောင်း သိရသည်။

တောင်တွင်းကြီးမြို့နယ်တွင် မြန်မာ့ရိုးရာနှစ်သစ်ကူးသင်္ကြန်ကာလတွင် မြို့မစည်ပင်သာယာဈေးကြီးနှင့် ဥပုသ်စျေးကြီးတို့မှာ ပိတ်ထားမည်ဖြစ်သည့်အပြင်၊ သင်္ကြန်ကာလအတွင်း တောလက်ကျေးရွာများမှ ဈေးကားများ အခက်အခဲဖြစ်မည်ဖြစ်သဖြင့် မြို့မစည်ပင်သာယာဈေးကြီးတွင် သင်္ကြန်မတိုင်မီ စားသောက်ဖွယ်ရာများ ကြိုတင်ဝယ်ယူခြင်း၊ အလှူအတန်းပြုလုပ်ရန် ဝယ်ယူခြင်းနှင့် သင်္ကြန်အကြိုအတာအိုး/အတာပန်း ဝယ်ယူသူ/ရောင်းချသူများဖြင့် တိုးမပေါက်အောင် ကြိတ်ကြိတ်တိုးစည်ကားလျက်ရှိကြောင်း သိရသည်။

နောင်နောင် (ဗိဿနိုးမြေ)