မကွေးတိုင်းဒေသကြီး

ချောက်မြို့နယ်၌ လမ်းလျှောက်သင်္ကြန်ပွဲတော် ဆင်နွှဲ

၁၃၈၇ ခုနှစ် မြန်မာရိုးရာယဥ်ကျေးမှုအတာရေသဘင်ပွဲတော် သင်္ကြန်အကြို ဗဟိုရေကစားမဏ္ဍပ်ဖွင့်ပွဲနှင့် လမ်းလျှောက်သင်္ကြန်ပွဲတော်အား မကွေးတိုင်းဒေသကြီး၊ ချောက်ခရိုင်၊ ချောက်မြို့တွင် ယနေ့နံနက် ၉ နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးရှေ့၌ ကျင်းပသည်။

ရွှေဆိပ်ဖြူယောချောင်းလမ်းလျှောက်သင်္ကြန်ဖွင့်ပွဲ အခမ်းအနားကျင်းပ

မကွေးတိုင်းဒေသကြီး ဆိပ်ဖြူမြို့နယ်တွင် မြန်မာ့ရိုးရာအတာသင်္ကြန်ပွဲတော် ရွှေဆိပ်ဖြူယောချောင်းလမ်းလျှောက် သင်္ကြန်ဖွင့်ပွဲကို ယောဝရပ်ကွက်ရှိ ယောချောင်းအတွင်း၌ ယနေ့နံနက် (၈) နာရီအချိန်က ကျင်းပပြုလုပ်သည်။

ရေနံချောင်းမြို့နယ်၌ မဟာသင်္ကြန်ပွဲတော်နှင့် လမ်းလျှောက်သင်္ကြန်ဖွင့်ပွဲအခမ်းအနား ကျင်းပ

မကွေးတိုင်းဒေသကြီး ရေနံချောင်းမြို့နယ်၌ ၂၀၂၆ ခုနှစ် မြန်မာ့ရိုးရာမဟာသင်္ကြန်ပွဲတော်နှင့် လမ်းလျှောက်သင်္ကြန်ဖွင့်ပွဲအခမ်းအနားကို ဧပြီ ၁၃ ရက်နေ့ နံနက် ၇ နာရီခွဲက မြို့နယ်မီးသတ်ဦးစီးဌာနရုံးရှေ့လမ်းမကြီးပေါ်ရှိ လမ်းလျှောက်သင်္ကြန်မဏ္ဍပ်၌ ကျင်းပသည်။

တောင်တွင်းကြီးမြို့နယ်တွင် မြန်မာ့ရိုးရာမဟာသင်္ကြန်(အကြိုနေ့) အန္တရာယ်ကင်း  ပရိတ်ပဋ္ဌာန်းတရားတော်များ ရွတ်ဖတ်ပူဇော်

မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ တောင်တွင်းကြီးမြို့နယ်တွင် မြန်မာသက္ကရာဇ် ၁၃၈၇ ခုနှစ်၊ မြန်မာ့ရိုးရာ မဟာသင်္ကြန်ပွဲတော် (အကြိုနေ့) အန္တရာယ်ကင်းပရိတ်ပဋ္ဌာန်းတရားတော်များ ရွတ်ဖတ်ပူဇော်ပွဲကို ယနေ့နံနက် ၇ နာရီက ပုဏ္ဏဝတီလမ်းမကြီး၊ ဗဟိုမဏ္ဍပ်၌ ကျင်းပသည်။

မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် မြန်မာ့ရိုးရာမဟာသင်္ကြန်ပွဲတော်စည်ကားသိုက်မြိုက်စွာကျင်းပနိုင်ရေး မဏ္ဍပ်များတည်ဆောက်ပြီးစီးမှုကြည့်ရှုစစ်ဆေး

မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်ကိုကိုနှင့် တာဝန်ရှိသူများသည် ယမန်နေ့ နံနက်ပိုင်း က မကွေးမြို့ကမ်းနားလမ်းတလျှောက်၊ ကျောက်သားဥယျာဉ် အနီးတွင် ဗဟိုမဏ္ဍပ်များ၊ ဝန်ကြီးဌာန မဏ္ဍပ်များ၊ လမ်းလျှောက်သင်္ကြန်မဏ္ဍပ်များဆောက်လုပ်ပြီး စီးမှုတို့ကို ကြည့်ရှုစစ်ဆေးသည်။

ရွှေဆိပ်ဖြူ ယောချောင်းလမ်းလျှောက်သင်္ကြန်အတွက် ကြိုတင်ပြင်ဆင်

မကွေးတိုင်းဒေသကြီး ဆိပ်ဖြူမြို့ယောဝရက်ကွက် ဧရာဝတီမြစ်နှင့်ယောချောင်းဆုံရပ်တွင် မြန်မာရိုးရာအတာသင်္ကြန် ရွှေဆိပ်ဖြူလမ်းလျှောက်သင်္ကြန်ပွဲတော် ကြိုတင်ပြင်ဆင်ရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

နတ်မောက်မြို့နယ်တွင် မြို့နယ်အဆင့် ဌာနဆိုင်ရာများလုပ်ငန်းညှိနှိုင်း

မကွေးတိုင်းဒေသကြီး နတ်မောက်မြို့နယ်တွင် မြို့နယ်အဆင့်ဌာနဆိုင်ရာများ လုပ်ငန်းညှိနှိုင်းစည်းအဝေး ကျင်းပခြင်းကို ယနေ့နံနက်ပိုင်းတွင် နတ်မောက်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌  ကျင်းပသည်။

ချောက်မြို့နယ်၌ မဟာသင်္ကြန်ပွဲတော်အတွက် ကြိုတင်ပြင်ဆင်

မကွေးတိုင်းဒေသကြီး၊ ချောက်ခရိုင်၊ ချောက်မြို့နယ်၌ ၁၃၈၇ ခုနှစ် မြန်မာ့ရိုးရာ မဟာသင်္ကြန်ပွဲတော်ကို ဗဟိုမဏ္ဍပ်တစ်ခုထားပြီး လမ်းလျှောက်သင်္ကြန်၊ စတုဒိသာအလှုများ၊ ဖျော်ဖြေရေးအစီအစဉ်များဖြင့် စည်ကားသိုက်မြိုက်စွာ ကျင်းပရန် ကြိုတင်ပြင်ဆင်လျက်ရှိသည်။

ပွင့်ဖြူမြို့နယ်၌ ယခုနှစ် နွေသီးနှံစိုက်ပျိုးရာသီတွင် နှမ်း (၄၅၂၁၆) ဧကထိ စိုက်ပျိုးပြီးစီးပြီဖြစ်ကာ လျာထားဧကထက် ကျော်လွန်စိုက်ပျိုးနိုင်ခဲ့

မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်တွင် ယခုနှစ် နွေသီးနှံစိုက်ပျိုးရာသီ၌ မဲဇလီရေလွှဲဆည်ရေဖြင့် နှမ်း (၄၅၂၁၆) ဧကထိ စိုက်ပျိုးပြီးစီးပြီဖြစ်ကာ လျာထားစိုက်ဧကထက် ကျော်လွန်စိုက်ပျိုးပြီးစီးပြီဖြစ်ကြောင်း ပွင့်ဖြူမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။

မကွေးမြို့ ကမ်းနားလမ်းတွင် မြန်မာ့ရိုးရာယဉ်ကျေးမှု လမ်းလျှောက်အတာသင်္ကြန် ရေသဘင်ပွဲတော်စည်ကားသိုက်မြိုက်စွာကျင်းပမည်

မကွေးတိုင်းဒေသကြီး ၁၃၈၇ ခုနှစ် မြန်မာ့ရိုးရာယဉ်ကျေးမှု လမ်းလျှောက်အတာသင်္ကြန် ရေသဘင်ပွဲတော် စည်ကားသိုက်မြိုက်အောင်မြင်စွာ ကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ဧပြီ ၁၁ ရက် မွန်းလွဲပိုင်းက တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ကျင်းပရာ ၁၃၈၇ခုနှစ် လမ်းလျှောက်အတာသင်္ကြန်ပွဲတော်ကျင်းပရေး ဦးစီးကော်မတီနာယက၊ တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးတင်ကိုကိုနှင့် တိုင်းဒေသကြီးဝန်ကြီးများ တက်ရောက်ခဲ့ကြသည်။
Subscribe to မကွေးတိုင်းဒေသကြီး