မြို့သစ် ဧပြီ ၁၁
မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ မြို့သစ်မြို့နယ်၌ မြန်မာ့ရိုးရာမဟာသင်္ကြန်တွင် ဖျော်ဖြေရေးမဏ္ဍပ်နှင့် လမ်းလျှောက်သင်္ကြန်ကို စည်ကားစွာကျင်းပနိုင်ရေးအတွက် ဌာနဆိုင်ရာများနှင့် တာဝန်ရှိသူများက စီစဉ်ဆောင်ရွက်လျက်ရှိသည်။
မြို့သစ်မြို့နယ်တွင် ဖျော်ဖြေရေးမဏ္ဍပ်နှင့် ရေကစားမဏ္ဍပ်များ လမ်းလျှောက်သင်္ကြန် ပြုလုပ်မည်နေရာများ၊ သနပ်ခါးသင်္ကြန်ကျင်းပမည့်နေရာတို့ကို တည်ဆောက်လျက်ရှိပြီး မြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်ဝင်းထက်နှင့် တာဝန်ရှိသူများ ကြီးကြပ်ဆောင်ရွက်လျက်ရှိရာ ၎င်းတို့ကိုမြို့နယ်စည်ပင်သာယာရေးအဖွဲ့ပိုင်၊ မြို့မစျေးကြီး၏တောင်ဘက်၊ စာတိုက်လမ်း၊ မီးသတ်ဦးစီးဌာနရုံးရှေ့၌ စည်ကားစွာကျင်းပမည်ဖြစ်ကြောင်း သိရသည်။
သန်းဝင်းထွန်း (ပြန်/ဆက်)