မကွေး ဧပြီ ၁၂
မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်ကိုကိုနှင့် တာဝန်ရှိသူများသည် ယမန်နေ့ နံနက်ပိုင်း က မကွေးမြို့ကမ်းနားလမ်းတလျှောက်၊ ကျောက်သားဥယျာဉ် အနီးတွင် ဗဟိုမဏ္ဍပ်များ၊ ဝန်ကြီးဌာန မဏ္ဍပ်များ၊ လမ်းလျှောက်သင်္ကြန်မဏ္ဍပ်များဆောက်လုပ်ပြီး စီးမှုတို့ကို ကြည့်ရှုစစ်ဆေးသည်။
ဦးစွာတိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများသည်မကွေးမြို့၊ကမ်းနားလမ်းတလျှောက် လမ်းလျှောက်အတာသင်္ကြန် ကျင်းပမည့်နေရာများနှင့် စတုဒီသာကျွေးမွေးမည့် နေရာများ ပြင်ဆင်ဆောင်ရွက်ထားရှိမှု၊ ဗဟိုမဏ္ဍပ်၊ ဝန်ကြီးဌာနမဏ္ဍပ်များ နှင့် ရေကစားမဏ္ဍပ်များ ဆောက် လုပ်ပြီးစီးမှုအခြေအနေများကိုကြည့်ရှုစစ်ဆေးပြီး တိုင်းဒေသကြီးဝန်ကြီးချုပ် က မဟာသင်္ကြန်ပွဲတော်ကို အနှစ်သာရရှိစွာ၊ စည်ကားသိုက်မြိုက်စွာကျင်းပနိုင်ရေး၊ လမ်းလျှောက်သင်္ကြန်၌ စက်သုံးဆီချွေတာတဲ့အနေနဲ့ ဧရာဝတီမြစ်အတွင်းမှ ဆိုလာစနစ်ဖြင့် ရေစုပ်ယူပြီး အသုံးပြုနိုင်ရေးနှင့် ပြည်သူ များပျော်ရွှင်ချမ်းမြေ့စွာပါဝင်ဆင်နွှဲနိုင်ရေး၊ နေ့စဉ်စတုဒီသာများကျွေးမွေးလှူဒါန်းနိုင်ရေး၊ သန့်ရှင်း သောရေလုံလောက်စွာရရှိနိုင်ရေးအတွက် သက်ဆိုင်ရာဌာနများမှကြပ်မတ်ဆောင်ရွက်သွားရန်နှင့် သင်္ကြန် ပွဲတော်ကာလအတွင်းပြည်သူများဘေးအန္တရာယ်ကင်းရှင်းစွာဆင်နွဲနိုင်ရေး အတွက်လုံခြုံရေးအစီအမံများကို အထူးဂရုပြုဆောင်ရွက်ကြရန် တာဝန်ရှိသူများ အားမှာကြားကာလိုအပ်သည်များပေါင်းစပ် ညှိနှိုင်းပေးသည်။
မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ကကြီးမှူးကျင်းပမည့် ၂၀၂၆ ခုနှစ် မြန်မာ့ရိုးရာ လမ်းလျှောက်မဟာသင်္ကြန်ပွဲတော်တွင်ဌာနဆိုင်ရာအသီးသီးနှင့်ရက်ကွက်အသီးသီးမှယိမ်းအဖွဲ့ (၁၉) ဖွဲ့ပါဝင်ယှဉ်ပြိုင်ကြမည်ဖြစ်ပြီး မဟာသင်္ကြန်ပိတ်ပွဲအခမ်အနားနှင့် ဆုပေးပွဲ အခမ်းအနားကိုမဟာသင်္ကြန်အတတ်နေ့ညနေပိုင်းတွင်ပြုလုပ်သွားမည်ဖြစ်ကြောင်းသိရသည်။
မောင်ခိုင်မင်း (ပြန်/ဆက်)