ဆိပ်ဖြူ ဧပြီ ၁၃
မကွေးတိုင်းဒေသကြီး ဆိပ်ဖြူမြို့နယ်တွင် မြန်မာ့ရိုးရာအတာသင်္ကြန်ပွဲတော် ရွှေဆိပ်ဖြူယောချောင်းလမ်းလျှောက် သင်္ကြန်ဖွင့်ပွဲကို ယောဝရပ်ကွက်ရှိ ယောချောင်းအတွင်း၌ ယနေ့နံနက် (၈) နာရီအချိန်က ကျင်းပပြုလုပ်သည်။
အဆိုပါ အခမ်းအနားသို့ တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ်၊ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာဝန်ထမ်းများ၊ လူမှုရေးအသင်းအဖွဲ့ဝင်များနှင့် ဒေသခံပြည်သူများတက်ရောက်ခဲ့ကြပြီး ရွှေဆိပ်ဖြူလမ်းလျှောက်သင်္ကြန်မုဒ်ဦးအား တိုင်းဒဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးလေးမောင်၊ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးနိုင်မင်းထွန်း၊ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးမောင်မောင်တင်တို့က ဖဲ့ကြိုးဖြတ်ဖွင့်လှစ်ပေးသည်။ ၎င်းနောက် တိုင်းဒဒေသကြီးလွှတ်တော်ကိုယ်စားလှယ်၊ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များက သင်္ကြန်ဖွင့်တက်ရောက်သူများအား သင်္ကြန်ရေးများစတင်ပက်ဖြန်းပေးခဲ့ကြပြီး လမ်းလျှောက်သင်္ကြန်းအား ပျော်ရွှင်စွာဆင်နွှဲခဲ့ကြသည်။
ရွှေဆိပ်ဖြူယောချောင်းလမ်းလျှောက် သင်္ကြန်ဖွင့်အခမ်းအနားတွင် ချယ်ရီမော်တေးဂီတအဖွဲ့နှင့် အပျော်တမ်းလူငယ်တေးဂီတအဖွဲ့များက ပါဝင်တီးခတ်သီဆိုဖျော်ဖြေခြင်း၊ ရွှေဆိပ်ဖြူယောချောင်း လမ်းလျှောက်သင်္ကြန် ရေးကစားလာသူများအား မုန့်လက်ဆောင်စတုဒိသာများ ကျွေးမွေးခဲ့ကြောင်း သိရသည်။
ကိုဇွဲ (အညာမြေ)