မကွေးတိုင်းဒေသကြီး

နတ်မောက်မြို့နယ် အခြေခံပညာအထက်တန်းကျောင်း(အောင်ဆန်း)ကျောင်းခန်းမတွင် လူငယ်စကားဝိုင်း ကျင်းပ

မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပညာရေးဌာနတို့ပူးပေါင်း၍ လူငယ်စကားဝိုင်းကို ယနေ့နံနက် (၁၀)နာရီအချိန်က အခြေခံပညာအထက်တန်းကျောင်းခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။

၂ဝ၂၅ ခုနှစ်၊ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲအောင်မြင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေး ပြုလုပ်

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဦးအောင်လွင်ဦး(မကွေးတိုင်းဒေသကြီးတာဝန်ခံ)သည် ယမန်နေ့နံနက် ၉ နာရီက မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ၂၀၂၅ ခုနှစ်၊ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲအောင်မြင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေး ပြုလုပ်ခဲ့သည်။

မင်းလှမြို့နယ်၌ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံး၌ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး ကွင်းဆင်းစစ်ဆေး

မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းလှမြို့နယ်၌ ၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် မြို့နယ်ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲရုံး၌ မီးဘေးအန္တရာယ်ကြိုတင် ကာကွယ်ရေးအတွက် စစ်ဆေးခြင်းကို ယနေ့နံနက် ၉ နာရီခွဲက ကွင်းဆင်းဆောင်ရွက်ခဲ့သည်။

အောင်လံမြို့၌ သွေးလှူရှင်များ ဂုဏ်ပြုပွဲ အခမ်းအနားကျင်းပ

မကွေးတိုင်းဒေသကြီး၊ အောင်လံခရိုင်၊ အောင်လံမြို့နယ် ပြည်သူ့ဆေးရုံကြီးတွင် တက်ရောက်ကုသမှု ခံယူနေကြသော လူနာများအတွက် အရေးပေါ်လိုအပ်နေသော “သွေး” ကို စေတနာအပြည့်ဖြင့် အခမဲ့ လှူဒါန်းပေးသော သွေးလှူရှင်/ပရဟိတအဖွဲ့များအတွက် သွေးလှူရှင်များ ဂုဏ်ပြုပွဲကို ယနေ့နံနက် ၉ နာရီက အောင်လံမြို့၊ ပြည်သူ့ဆေးရုံကြီး၌ ကျင်းပခဲ့သည်။

မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့က မင်းဘူး-စလင်း-တညောင်-ဆိပ်ဖြူလမ်းပိုင်းအား ကျပ်သန်းပေါင်း (၇၇၀၀) ကျော် အသုံးပြု၍ လမ်းအဆင့်မြှင့်တင်ခြင်းလုပ်ငန်းများ ဆောင်ရွက်

မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့က ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်တွင် မင်းဘူးခရိုင်အတွင်းရှိ မင်းဘူး-စလင်း-တညောင်-ဆိပ်ဖြူလမ်းပိုင်းအား ငွေလုံးငွေရင်း ခွင့်ပြုရန်ပုံငွေကျပ်သန်းပေါင်း (၇၇၀၀) ကျော် အသုံးပြု၍ လမ်းအဆင့်မြှင့်တင်ခြင်းလုပ်ငန်းများ ဆောင်ရွက်လျက်ရှိကြောင်း တိုင်းဒေသကြီးလမ်းဦးစီးဌာနမှ သိရသည်။

မြို့သစ်မြို့နယ်အတွင်း လျှပ်စစ်ဓာတ်အား စနစ်ကောင်းမွန်စေရေးနှင့် ဓာတ်အားပြည့်ဝစွာ ရရှိရေးဆောင်ရွက်

မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ မြို့သစ်မြို့နယ်တွင် လျှပ်စစ်ဓာတ်အား စနစ်ကောင်းမွန်ရေးနှင့် ဓာတ်အားပြည့်ဝစွာရရှိရေး လုပ်ငန်းများကို သက်ဆိုင်ရာတာဝန်ရှိသူများ ကြီးကြပ်၍ ဓာတ်အားလိုင်းများ ပြုပြင်ထိန်းသိမ်း၊ တိုးချဲ့တပ်ဆင်ခြင်းလုပ်ငန်းများ လုပ်ငန်းများကို ယမန်နေ့က မြို့နယ်လျှပ်စစ်အင်ဂျင်နီယာရုံး တာဝန်ရှိသူများက ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

စာသင်ကျောင်းအခြေပြု မီးဘေးလုံခြုံရေး အသိပညာပေးဟောပြောခြင်းနှင့် လက်တွေ့သရုပ်ပြခြင်း ဆောင်ရွက်

မကွေးတိုင်းဒေသကြီး၊ မင်းတုန်းမြို့၊ အခြေခံပညာ အထက်တန်းကျောင်းတွင် ယမန်နေ့ ညနေ ၂ နာရီက ကျောင်းအခြေပြု မီးဘေးလုံခြုံရေး အသိပညာပေးဟောပြောခြင်းနှင့် လက်တွေ့ သရုပ်ပြခြင်းကို မြို့နယ်မီးသတ်ဦးစီးမှူး ဦးဆောင်၍ မီးသတ်တပ်ဖွဲ့ဝင်များက ဆောင်ရွက်ခဲ့ကြသည်။

ပခုက္ကူမြို့၌ မြို့နယ်အဆင့် လူရည်ချွန်ရွေးချယ် စာမေးပွဲကျင်းပ

မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့နယ်တွင် ၂၀၂၅-၂၀၂၆ ပညာသင်နှစ် မြို့နယ်အဆင့် လူရည်ချွန်ရွေးချယ်စာမေးပွဲကို ယမန်နေ့ နံနက် ၉ နာရီအချိန်က ပခုက္ကူမြို့၊ အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း၌ ကျင်းပသည်။

ဂန့်ဂေါ၌ အခြေခံပညာကျောင်းပေါင်းစုံ မြို့နယ်အဆင့်အားကစားပြိုင်ပွဲများ စည်ကားသိုက်မြိုက်စွာ ဆက်လက်ကျင်းပ

မကွေးတိုင်းဒေသကြီး၊ ဂန့်ဂေါမြို့တွင် ကျောင်းသား/ကျောင်းသူများ ကာယဉာဏစွမ်းရည်များ ဖွံ့ဖြိုးတိုးတက်လာစေရန်၊ စည်းလုံးညီညွတ်စွာဖြင့် အတူတကွပူးပေါင်းဆောင်ရွက်တတ်စေရန်နှင့် အားကစားသမားကောင်းများ ပေါ်ထွန်းလာစေရန်ရည်ရွယ်၍ မြို့နယ်အဆင့် အခြေခံပညာကျောင်းပေါင်းစုံ အားကစားပြိုင်ပွဲများကို ဒီဇင်ဘာ ၂ ရက်နေ့မှစတင်၍ အ.ထ.က(ဂန့်ဂေါ)ကျောင်းနှင့် အ.ထ.က(မြို့မ) ကျောင်းတို့တွင် ကျင်းပပြုလုပ်လျက်ရှိသည်။

မကွေးမြို့၌ ၂၀၂၅ ခုနှစ် အပြည်ပြည်ဆိုင်ရာ မသန်စွမ်းသူများနေ့အထိမ်းအမှတ် အခမ်းအနားကျင်းပ

လူမှုအသိုက်အဝန်းအတွင်း မသန်စွမ်းသူများ တန်းတူညီမျှ ပါဝင်ဆောင်ရွက်ခွင့်ရရှိရေး၊ မသန်စွမ်းသူများ၏ ဂုဏ်သိက္ခာ၊ အခွင့်အရေးနှင့်ကိုယ်၊ စိတ်ကျန်းမာကြံ့ခိုင်ရန် ပံ့ပိုးဆောင်ရွက်မှုကိုမြှင့်တင်ပေးရန် ရည်ရွယ်၍  အပြည်ပြည်ဆိုင်ရာ မသန်စွမ်းသူများနေ့ အထိမ်းအမှတ်အခမ်းအနားကို ယနေ့နံနက်ပိုင်းက မကွေးမြို့နယ် စုပေါင်းရုံးအစည်းဝေးခန်းမ၌ ကျင်းပရာ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ လူမှုရေးရာဝန်ကြီး ဦးမျိုးမြင့်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ တိုင်းဒေသကြီးဥပဒေချုပ်၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ မသန်စွမ်းသူများ၏ အခွင့်ရေးဆိုင်ရာကော်မတီဝင်များ၊ ပြိုင်ပွဲဝင်ဆုရအားကစားသမားများ၊ ဖိတ်ကြားထားသည့် ဧည့်သည်တော်များ တက်ရောက်ကြသည်။
Subscribe to မကွေးတိုင်းဒေသကြီး