စေတုတ္တရာ မေ ၁၄
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စေတုတ္တရာမြို့နယ်၌ ၂၀၂၆-၂၀၂၇ ပညာသင်နှစ် KGနှင့် Grade1 သင်ပြနည်းစနစ်နှင့် မူကြိုသင်ပြနည်းစနစ် ချိတ်ဆက်ဆောင်ရွက်နိုင်ရေးအတွက် ရှေးဦးအရွယ်ကလေးသူငယ်ပြုစုပျိုးထောင်ရေးနှင့် ဖွံ့ဖြိုးရေးဆိုင်ရာမြို့နယ်အဆင့်(ဆင့်ပွား) ဆွေးနွေးပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်း ၉ နာရီခွဲက မြို့နယ်ပညာရေးမှူးရုံးတွင် ကျင်းပသည်။
ဦးစွာ စေတုတ္တရာမြို့နယ် ပညာရေးမှူး ဒုတိယပညာရေးမှူး ဦးရဲထွန်းက ဆရာ/ ဆရာမများအနေဖြင့် မိမိတို့သင်ကြားနေသည့်အတန်းနှင့်ဆက်စပ်နေသော ရှေးဦးအရွယ်ကလေးငယ်များ၏ ဘဝကိုဖွံ့ဖြိုးတိုးတက်အောင်ပြုစုပျိုးထောင်ရမည့် တာဝန်ဝတ္တရားများကို နားလည်သိရှိနိုင်ရေး၊ ကလေးငယ်များရခဲ့သည့် ပျော်ရွှင်မှုနှင့် ဖွံ့ဖြိုးမှုများကို KG နှင့် Grade-1 တွေအထိ ဆက်လက်ပါရှိသွားနိုင်ရေးနှင့် ဆရာ/ ဆရာမများကလည်း သင်ပြနည်းစနစ်တွေကို တစ်ဦးနှင့်တစ်ဦး ညှိနှိုင်းဖလှယ်ခြင်းအားဖြင့် ကလေးငယ်များအတွက် ကျောင်းနေပျော်၍ စာတော်သော ပတ်ဝန်းကျင်တစ်ခု ဖန်တီးပေးနိုင်ရေးအတွက် ယခုလိုဆွေးနွေးပွဲများကို ပြုလုပ်ပေးရခြင်းဖြစ်ကြောင်း ပြောကြားသည်၍ သင်းတန်းနည်းပြဆရာ ဦးမင်းသူအောင်က သင်တန်းအချိန်စာရင်းများနှင့်သင်တန်းစည်းကမ်းချက်များကို ပြောကြားခဲ့သည်။
အဆိုပါ KG နှင့် Grade-1 သင်ပြနည်းစနစ်နှင့် မူကြိုသင်ပြနည်းစနစ် ချိတ်ဆက်ဆောင်ရွက်နိုင်ရေးအတွက် ရှေးဦးအရွယ်ကလေးသူငယ်ပြုစုပျိုးထောင်ရေးနှင့် ဖွံ့ဖြိုးရေးဆိုင်ရာ(မြို့နယ်အဆင့်)ဆွေးနွေးပွဲကို နည်းပြ (၆) ဦးက သက်ဆိုင်ရာ ဘာသာရပ်များအလိုက် မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများမှ ဆရာကြီး၊ ဆရာမကြီး သင်တန်းသားသင်တန်းသူဦးရေ (၁၇၄) ဦးအား မေ ၁၄ ရက်နေ့မှ မေ ၂၄ ရက်နေ့အထိ စာတွေ့လက်တွေ့ သင်ကြားပို့ချပေးသွားမည်ဖြစ်ကြောင်း သိရသည်။
ဆန်းကိုကို(ပြန်/ဆက်)