ပခုက္ကူ မေ ၁၄
မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့၊ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း၌ ယမန်နေ့ နံနက် ၁ နာရီခွဲအချိန်က မီးဘေးနှင့်ငလျင်ဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဟောပြောခြင်းနှင့် လက်တွေ့သရုပ်ပြ လေ့ကျင့်ခြင်းများ ဆောင်ရွက်သည်။
ပထမဦးစွာ ပခုက္ကူမြို့နယ် မီးသတ်ဦးစီးမှူး ဦးဇော်မျိုးအောင်က မီးဘေးအန္တရာယ်ဆိုင်ရာများ၊ ဦးစီးအရာရှိ ဦးအောင်ရဲကျော်က ငလျင်ဘေးနှင့်ရေဘေးအန္တရာယ်ဆိုင်ရာ ကာကွယ်ရေးနည်းလမ်းများအကြောင်း အသိပညာပေးဟောပြောကြပြီး မီးသတ်တပ်ဖွဲ့ဝင်၊ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များက မီးဘေး၊ ငလျင်ဘေးနှင့် ရေဘေးအန္တရာယ်ဆိုင်ရာ ကြိုတင်ကာကွယ်ရေး၊ ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများဆိုင်ရာ လက်တွေ့သရုပ်ပြကြရာ အခြေခံပညာကျောင်းများမှ ဆရာ၊ ဆရာမများ၊ ကြက်ခြေနီ အသင်းဝင်များက လက်တွေ့လေ့ကျင့် ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
ဘာမီသာ(ပခုက္ကူ)