စလင်းမြို့နယ်တွင် ၂၀၂၅ ခုနှစ် (၁၉)ကြိမ်မြောက် ကမ္ဘာ့ခွေးရူးရောဂါကာကွယ်တိုက်ဖျက်ရေးနေ့အထိမ်းအမှတ် အသိပညာပေးဟောပြောခြင်းနှင့် ခွေးရူးပြန်ရောဂါကာကွယ်ဆေးများ လိုက်လံထိုးနှံပေး
၂၀၂၅ ခုနှစ်၊ စက်တင်ဘာလ ၂၈ ရက်နေ့တွင် ကျရောက်မည့် ၁၉ ကြိမ်မြောက် ကမ္ဘာ့ခွေးရူးရောဂါ ကာကွယ်တိုက်ဖျက်ရေးနေ့အထိမ်းအမှတ် အသိပညာပေးခြင်းနှင့် မြို့ပေါ်ရပ်ကွက်များအတွင်းရှိ ဘုန်းတော်ကြီးကျောင်းများ ဌာနဆိုင်ရာရုံးများ လူနေအိမ်များရှိ အိမ်မွေးတိရစ္ဆာန်ဖြစ်သည့် ခွေးများအား ခွေးရူးပြန်ကာကွယ်ဆေးထိုးနှံခြင်းများကို ယနေ့စက်တင်ဘာလ(၂၅)ရက် နံနက်ပိုင်းက လိုက်လံထိုးနှံပေးခဲ့ကြောင်း သိရသည်။