ရက်ကန်းနှင့်အသက်မွေးပညာသင်တန်းကျောင်း(ပခုက္ကူ)မှ ရက်ကန်းပညာရပ်များတိမ်ကောပပျောက်မှု မရှိစေရေး ပညာရှင်များမွေးထုတ်
သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနကြီးကြပ်မှု အောက်ရှိ ပခုက္ကူမြို့ ရက်ကန်းနှင့်အသက်မွေးပညာသင်တန်းကျောင်း၌ ရက်ကန်းပညာရပ်များ တိမ်ကောပပျောက်မှုမရှိစေရေးသင်တန်းများဖွင့်လှစ်ပြီး ရက်ကန်းပညာရှင်များမွေးထုတ်ပေးလျက်ရှိကြောင်း သိရသည်။