ဆိပ်ဖြူ ဇူလိုင် ၃၀
မကွေးတိုင်းဒေသကြီး ဆိပ်ဖြူမြို့နယ်၌ KG ကျောင်းသား/ကျောင်းသူများအား အာဟာရကျွေးခြင်းလုပ်ငန်းကို အခြေခံပညာကျောင်းများတွင် ဇူလိုင်လ ၃၀ ရက်နေ့ နံနက် ၁၀နာရီက ဆောင်ရွက်သည်။
အဆိုပါလုပ်ငန်းကို မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန၏ စီမံကြီးကြပ်မှုဖြင့် ကျောင်းသား/ကျောင်းသူလေးများ၏ ကိုယ်ခန္ဒာကျန်းမာကြံခိုင်ဖွံ့ဖြိုး၍ ကာယ၊ ဉာဏ ဘက်စုံဖွံ့ဖြိုးတိုးတက်စေရန် အာဟာရပြည့်ဝသောအစားအစာများအား စားသောက်မှုအလေ့အကျင့်ကောင်းများရရှိနိုင်ရေး အာဟာရကျွေးခြင်းဆောင်ရွက်ဆောင်ရွက်ကြောင်းသိရှိရသည်။
ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန မြို့နယ်ဆရာဝန်ကြီး ဒေါက်တာကျော်ထက်အောင်နှင့် ကျန်းမာရေးဝန်ထမ်းများ၊ မြို့နယ်ပညာရေးဝန်ထမ်းများ၊ ဝေါလ်ဗွီးရှင်းမြန်မာဒေသဖွံ့ဖြိုးရေးစီမံချက်ရုံး (ဆိပ်ဖြူ) မှ တာဝန်ရှိသူများက အခြေခံပညာကျောင်းများတွင် KG ကျောင်းသား/ကျောင်းသူများအား အာဟာရကျွေးမွေးခြင်းလုပ်ငန်း ဆောင်ရွက်နေခြင်းနှင့် အစာမစားမှီနှင့်အစာစားပြီး ချိန်များတွင် စနစ်တကျ လက်ဆေးခြင်း သွားနှင့်ခံတွင်းသန့်ရှင်းရေး အလေ့အကျင့်ကောင်းများ ဆောင်ရွက်ခြင်းလုပ်ငန်းတို့ကို ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။
ကိုဇွဲ (အညာမြေ)