တောင်တွင်းကြီးမြို့နယ်၌ ဝါဆိုလပြည့် (ဓမ္မစကြာအခါတော်နေ့) တွင် ကုသိုလ်ကောင်းမှုများ ပြုလုပ်

တောင်တွင်းကြီး ဇူလိုင် ၃၀

မကွေးတိုင်းဒေသကြီး၊ တောင်တွင်းကြီးမြို့နယ်၌ မြို့နယ်အမျိုးသမီး‌ရေးရာအဖွဲ့နှင့် မိခင်နှင့်က‌လေးစောင့်ရှောက်ရေးအသင်းတို့သည် ဝါဆိုလပြည့်နေ့တွင် ဗုဒ္ဓဘာသာဝင်တို့ အထွဋ်အမြတ်ထားရာ ဓမ္မစကြာအခါတော်နေ့ဖြစ်ပြီး တောင်တွင်းကြီးမြို့နယ် မောင်းတိုင်(၁)ရပ်ကွက်အတွင်းရှိ ဆုတောင်းပြည့်‌စေတီ‌တော်နှင့် သက်ကြီးဘိုးဘွားရိပ်သာတို့၌ မြန်မာသက္ကရာဇ် ၁၃၈၈ ခုနှစ်၊ ဝါဆိုလပြည့်(ဓမ္မစကြာအခါတော်နေ့)တွင် ကုသိုလ်ကောင်းမှုပြုလုပ်သည်။

ထိုသို့ဆောင်ရွက်ရာ အဘိဓမ္မာဒေသနာတော် ရွတ်ဖတ်ပူဇော်ခြင်း၊ ဘုရားပန်းလဲလှယ်ခြင်း၊ သစ်သီးဆွမ်းများ ဆက်ကပ်လှူဒါန်းခြင်း၊ စေတီပုထိုးများနှင့် ဗုဒ္ဓရုပ်ပွားတော်များ ရေသပ္ပာယ်ခြင်း၊ ပန်း၊ ဆီမီး၊ အမွှေးနံ့သာများ ထွန်းညှိကပ်လှူပူဇော်ခြင်းများ ပြုလုပ်ပြီး ဘိုးဘွားများ၏ ဝေယျာဝစ္စများ‌ဆောင်ရွက်ကာ ကုသိုလ်ကောင်းမှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။

ဦးမျိုး(ဗိဿနိုးမြေ)