ပခုက္ကူ ဇူလိုင် ၃၀
မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်စာရေးဆရာအသင်းတို့ပူးပေါင်းပြီး စာဖတ်ရှိန်မြှင့်တင်ရေး စာဖတ်ဝိုင်းကို ယနေ့နံနက် ၉ နာရီအချိန်က လူထုအခြေပြုဗဟိုဌာန (Community centre) ခန်းမ၌ ကျင်းပပြုလုပ်သည်။
ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်စန်းယုမော်က စာဖတ်ဝိုင်းပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်များအကြောင်း ရှင်းလင်း ပြောကြားပြီး ပခုက္ကူမြို့နယ် စာရေးဆရာအသင်းဥက္ကဋ္ဌ ဒေါ်အေးအေးခိုင်၊ အသွင်ဆန်း (ပခုက္ကူ) က အဖွင့်အမှာစကားပြောကြားသည်။
ထို့နောက် ပခုက္ကူမြို့နယ် စာရေးဆရာအသင်းမှ စာရေးဆရာ/ဆရာမများက ပခုက္ကူမြို့ အမှတ် (၃) အခြေခံပညာအထက်တန်းကျောင်း နှစ် (၆၀) ပြည့် မဂ္ဂဇင်းစာအုပ်တွင်ပါရှိသည့်နှလုံးသား နုနုဆူးစူးမရ၊ ဇမ္ဗူမှာရှားသည့်သူလိုကျောင်းသား၊ ပြင်သစ်ကိုတည်မလေညီညွတ်စေ၊ မျက်မှန်တစ်လက်၏ ရာဇဝင်၊ ပညာရေးပန်းပွင့်လန်းစေချင်နှင့် အခြားဆောင်းပါများကို ဆောင်းပါရှင်စာရေး ဆရာ/ဆရာမများက အသီသီးဆွေးနွေးခဲ့ကြပြီး တက်ရောက်လာကြသည့် မြို့နယ်စာရေးဆရာ အသင်းဝင် ဆရာ/ဆရာမများ၊ ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ တွဲဖက်ဝန်ထမ်းများက ပြန်လည်ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
မယ်ခွေ