မကွေးတိုင်းဒေသကြီး

မင်းလှမြို့နယ်အဆင့် ပညာရေးစုံညီပွဲတော် အခမ်းအနားကျင်းပ

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခ ရိုင်၊ မင်းလှမြို့၌ မြို့နယ်ပညာရေးမှူးရုံး၏ ၂၀၂၅-၂၀၂၆ ခုနှစ်၊ ပညာရေးစုံညီပွဲတော်နှင့် ထူးချွန်ဆုပေးပွဲအခမ်းအနားကို အ.ထ.ကမင်းလှ(မြို့တွင်း) သပြေခန်းမ၌ ဇန်နဝါရီ ၃ ရက်နေ့လယ် ၁ နာရီချိန်က ကျင်းပပြုလုပ်သည်။

ကံမမြို့နယ်၌ ရွေးကောက်ပွဲတွင် အသုံးပြုမည့် MEVM မဲပေးစက်တပ်ဆင်ခြင်းနှင့် လက်တွေ့သင်တန်းပို့ချခြင်းများ ဆောင်ရွက်

မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ ကံမမြို့နယ်၌ ၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အပိုင်း(၂)အဖြစ် ၂၀၂၆ ခုနှစ် ဇန်နဝါရီ (၁၁) ရက်နေ့တွင် ကျင်းပဆောင်ရွက်မည်ဖြစ်ရာ ရွေးကောက်ပွဲတွင်အသုံးပြုမည့် MEVM မဲပေးစက်တပ်ဆင်ခြင်းနှင့် လက်တွေ့သင်တန်းပို့ချခြင်းများကို ယမန်နေ့ နေ့လယ် (၁) နာရီက မြို့နယ်ခန်းမ၌ ပြုလုပ်ရာ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲအဖွဲ့ဝင်များ၊ မြန်မာအီလက်ထရောနစ်မဲပေးစနစ်ဆိုင်ရာ ကြီးကြပ်မှုအဖွဲ့ဝင်များ၊ မဲပေးစက်ဆိုင်ရာ နည်းပညာအထောက်အကူပြုအဖွဲ့ဝင်များ၊ မဲရုံမှူးနှင့် မဲပေးစက်ကိုင်တွယ်အသုံးပြုမည့် ဆရာ၊ ဆရာမများ တက်ရောက်ခဲ့ကြသည်။

ချောက်မြို့နယ် မူလတန်းကြိုကျောင်း၌ ကာယစွမ်းရည်ပြိုင်ပွဲနှင့် ဆုချီးမြှင့်ပွဲ ကျင်းပ

လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ လူမှုဝန်ထမ်းဦးစီးဌာန​ ချောက်မြို့နယ် မူလတန်းကြိုကျောင်း၏ ရင်သွေးငယ်လေးများ ကာယစွမ်းရည်ပြိုင်ပွဲနှင့် ဆုချီးမြှင့်ပွဲကို ယနေ့နံနက် ၉ နာရီခွဲက အဆိုပါကျောင်းခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။

စေတုတ္တရာမြို့နယ်၌ မဲရုံမှူး၊ ဒုမဲရုံမှူးများအား မဲပေးစက်အသုံးပြုနည်းမွမ်းမံသင်တန်း ဖွင့်လှစ်

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စေတုတ္တရာမြို့နယ်တွင် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးမှ သက်ဆိုင်ရာမဲရုံများတွင် တာဝန်ထမ်းဆောင်ကြမည့် မဲရုံမှူး၊ ဒုမဲရုံမှူးများ၊ မဲစာရင်း စစ်ဆေးသူ၊ ထိန်းချုပ်စက်ကိုင်တွယ်သူနှင့် မဲရုံလုံခြုံရေး အစရှိသည့် မဲရုံအဖွဲ့ဝင်များကို (MEVM) မဲပေးစက်အသုံးပြုနည်းမွမ်းမံသင်တန်းကို ဇန်နဝါရီ ၅ ရက် နံနက် ၉ နာရီက  မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနအစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်သည်။

စေတုတ္တရာမြို့နယ် လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ လူမှုဝန်ထမ်းဦးစီးဌာနက ကြီးမှူး၍ ကာယစွမ်းရည်ပြိုင်ပွဲနှင့် ဆုချီးမြှင့်ပွဲ ကျင်းပ

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စေတုတ္တရာမြို့နယ် လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ လူမှုဝန်ထမ်းဦးစီးဌာနက ကြီးမှူး၍ ကလေးသူငယ်များ ကယာစွမ်းရည် ထက်မြက်လာစေရန်၊ လူအများရှေ့တွင် ရဲရင့်စွာ ပြောဆိုတတ်စေရန်၊ စည်းလုံးညီညွတ်မှုရှိစေရန် ရည်ရွယ်၍ ကျောင်းတွင်းဉာဏစွမ်းရည်ပြိုင်ပွဲနှင့် ဆုချီးမြှင့်ပွဲကို ယနေ့နံနက် ၉ နာရီက စေတုတ္တရာမြို့နယ် အားကစားကွင်း၌ ကျင်းပသည်။

မြို့သစ်မြို့နယ်၌ မဲရုံမှူး၊ဒုမဲရုံမှူးများအား မဲပေးစက်အသုံးပြုနည်း မွမ်းမံသင်တန်းဖွင့်လှစ်

မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ မြို့သစ်မြို့နယ်တွင် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးမှ သက်ဆိုင်ရာမဲရုံများတွင်တာဝန်ထမ်းဆောင်ကြမည့် မဲရုံမှူး၊ ဒုမဲရုံမှူးများ၊ မဲစာရင်းစစ်ဆေးသူ၊ ထိန်းချုပ်စက်ကိုင်တွယ်သူနှင့် မဲရုံလုံခြုံရေးအစရှိသည့် မဲရုံအဖွဲ့ဝင်များကို (MEVM)မဲပေးစက်အသုံးပြုနည်းမွမ်းမံသင်တန်းကို ယမန်နေ့ နေ့လည်(၁)နာရီက မြို့သစ်မြို့ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း(ရတနာ) ခန်းမ၌ ကျင်းပပြုလုပ်သည်။

ဆိပ်ဖြူမြို့နယ်တွင် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲအပိုင်း(၂) တာဝန်ထမ်းဆောင်ရွက်မည့် မဲရုံတာဝန်ကျဝန်းထမ်းများ မွမ်းမံသင်တန်းပေးခြင်းနှင့် နည်းပညာအထောက်အကူပြုသင်တန်းပေး

မကွေးတိုင်းဒေသကြီး ဆိပ်ဖြူမြို့နယ်တွင် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အပိုင်း(၂)တွင် တာဝန်ထမ်းဆောင်ကြမည့် မဲရုံမှူးနှင့် တာဝန်ကျဝန်ထမ်းများ မွမ်းမံသင်တန်းနှင့် နည်းပညာအထောက်အကူပြုဝန်ထမ်းများ မဲရုံလုပ်ငန်းများနှင့် မြန်မာအီလက်ထရောနစ်စက်ပစ္စည်းများ ကိုင်တွယ်အသုံးပြုခြင်း နည်းပညာဆိုင်ရာသင်တန်းများပေးခြင်းကို မြို့နယ်နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲက သင်တန်းပေးဆောင်ရွက်ကြောင်း သိရသည်။

ပခုက္ကူမြို့၊ အထွေထွေရောဂါကုပြသည်သူ့ဆေးရုံကြီး၌ (၇၈)နှစ်မြောက် လွတ်လပ်ရေးနေ့တွင် မွေးဖွားသည့် ကလေးသူငယ်များအား ဂုဏ်ပြုချီးမြှင့်ငွေများပေးအပ်

မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့က ၂၀၂၆ ခုနှစ်၊ (၇၈)နှစ်မြောက် လွတ်လပ်ရေးနေ့ကို ဂုဏ်ပြုသောအားဖြင့် ဇန်နဝါရီလ ၄ ရက်နေ့တွင် မွေးဖွားသည့် ကလေးသူငယ်များအား ဂုဏ်ပြုချီးမြှင့်ငွေပေးအပ်ပွဲကို ယမန်နေ့က ဆောင်ရွက်ကြသည်။

ပွင့်ဖြူမြို့နယ်တွင် ဆောင်းသီးနှံစိုက်ပျိုးရာသီက စိုက်ပျိုးခဲ့သော နှမ်း ၁၁၅၀၀ ဧကထိ ရိတ်သိမ်းပြီးစီးပြီဖြစ်

မကွေးတိုင်းဒေသကြီး ၊ ပွင့်ဖြူမြို့နယ်တွင် ဆောင်းသီးနှံစိုက်ပျိုးရာသီက စိုက်ပျိုးခဲ့သော နှမ်းသီးနှံ ၁၁၅၀၀ ဧကထိ ရိတ်သိမ်းပြီးစီးပြီဖြစ်ကြောင်း ပွင့်ဖြူမြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။ 

ငဖဲမြို့နယ်တွင် ယာယီနေရပ်စွန့်ခွာပြည်သူများအား ထောက်ပံ့ငွေ ပေးအပ်

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ ငဖဲမြို့နယ်အတွင်း ယာယီနေရပ်စွန့်ခွာနေထိုင်သည့် ပြည်သူများအား ၂၀၂၅ ခုနှစ်၊ ဇူလိုင်၊ ဩဂုတ်၊ စက်တင်ဘာ ၃ လစာအတွက် ထောက်ပံ့ငွေပေးအပ်ခြင်းကို ယနေ့နံနက် ၉ နာရီအချိန်က ပဒါန်းကျေးရွာ အမှတ်(၂) အောင်ဓမ္မာရုံ၌ ဆောင်ရွက်သည်။
Subscribe to မကွေးတိုင်းဒေသကြီး