မကွေးတိုင်းဒေသကြီး

မကွေးမြသလွန်စေတီတော်မြတ်ကြီး၌ ဒုတိယဝါဆိုလပြည့် (ဓမ္မစကြာအခါတော်နေ့) တွင် အနယ်နယ်အရပ်ရပ်မှ ဘုရားဖူးလာပြည်သူများဖြင့် အထူးစည်းကား

မကွေးတိုင်းဒေသကြီး၊ မကွေးမြို့ရှိ တန်ခိုးကြီးရှေးဟောင်းသမိုင်းဝင် မြသလွန်စေတီတော်မြတ်ကြီးတွင် (ဒုတိယ) ဝါဆိုလပြည့် (ဓမ္မစကြာအခါတော်နေ့) ၌ ဝါဆိုပန်းကပ်လှူကြသူများ၊ ဓမ္မစကြာဒေသနာတော်ရွတ်ဖတ်ပူ‌ဇော်ကြသူများ၊ ကုသိုလ်ကောင်းမှုပြုကြသူများနှင့် အနယ်နယ်အရပ်ရပ်မှ ဘုရားဖူးလာပြည်သူများဖြင့် အထူးစည်ကားများပြားလျက်ရှိကာ ရပ်ကွက်/ကျေးရွာအသီးသီးရှိ ဘုန်းတော်ကြီးကျောင်းများ၌လည်း ဝါဆိုပန်းနှင့် ဝါဆိုသင်္ကန်းကပ်လှူပူဇော်ကြသူများ၊ ဥပုသ်သီတင်း သီလဆောက်တည်သူများ၊ ကုသိုလ်ကောင်းမှုပြုကြသူများဖြင့် စည်ကားလျက်ရှိသည်။

ငဖဲမြို့နယ်၌ ဝါဆိုလအခါသမယတွင်ဘုရားကျောင်းကန်များ၌ ဥပုသ်သီလဆောက်တည်ခြင်း၊ ဝါဆိုသင်္ကန်းကပ်လှူဒါန်းနှင့် ကုသိုလ်ဒါနပြုလုပ်ခြင်းတို့ဖြင့်စည်ကား

မကွေးတိုင်းဒေသကြီး မင်းဘူးခရိုင် ငဖဲမြို့နယ်အတွင်းရှိ ဘုရားစေတီဓမ္မာရုံများ၊ ဘုန်းတော်ကြီးကျောင်းများတွင် ဝါဆိုလအခါသမယ ဒုတိယဝါဆိုလပြည့် (ဓမ္မစကြာအခါတော်နေ့) နှင့် ဝါဆိုလပြည့်ကျော် ၁ ရက်နေ့၌ ဗုဒ္ဓဘာသာဝင်ပြည်သူများ စိတ်အေးချမ်းသာစွာ ဥပုသ်သီလဆောက်တည်ခြင်း၊ ဝါဆိုသင်္ကန်း ကပ်လှူခြင်းနှင့် ကုသိုလ်ဒါနပြုလုပ်ခြင်းတို့ဖြင့် စည်ကားလျက်ရှိကြောင်း သိရသည်။

ဆိပ်ဖြူမြို့နယ်တွင် KG ကျောင်းသား/ကျောင်းသူများအား အာဟာရကျွေးခြင်းဆောင်ရွက်

မကွေးတိုင်းဒေသကြီး ဆိပ်ဖြူမြို့နယ်၌ KG ကျောင်းသား/ကျောင်းသူများအား အာဟာရကျွေးခြင်းလုပ်ငန်းကို အခြေခံပညာကျောင်းများတွင် ဇူလိုင်လ ၃၀ ရက်နေ့ နံနက် ၁၀နာရီက ဆောင်ရွက်သည်။

 ပွင့်ဖြူမြို့နယ်၌ KG ကျောင်းသားကျောင်းသူများအား ကာယ၊ ဉာဏ ဖွံ့ဖြိုးစေရန် အာဟာရှိသောအစားအစာများ ကျွေးမွေး

မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနက မြို့နယ်အတွင်းရှိ ကလေးငယ်များ ကျန်းမာရေးနှင့် ညီညွတ်သည့် အာဟာရများ စားသုံးနိုင်စေရန်၊ ကိုယ်ကာယကျန်းမာစွာ ပြုမူနေထိုင်တတ်စေရန်နှင့် ဉာဏ်ရည်ဖွံ့ဖြိုး တိုးတက်စေရန် ရည်ရွယ်၍ ဇူလိုင် ၃၀ ရက်၊ နံနက်ပိုင်းက မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာရဲလင်းတိုး ဦးဆောင်သော ကျန်းမာရေးဝန်ထမ်းများအဖွဲ့က အခြေခံပညာကျောင်းသို့ သွားရောက်၍ KG ကျောင်းသားကျောင်းသူများကို အာဟာရရှိသော အစားအစာများ ချက်ပြုတ်၍ ကျွေးမွေးခဲ့ကြောင်း သိရသည်။

ချောက်မြို့နယ်တွင် KG တန်းကျောင်းသား/သူများအား ဒုတိယအကြိမ် ကျောင်းတွင်းအာဟာရ ကျွေးမွေး

မကွေးတိုင်းဒေသကြီး၊ ချောက်ခရိုင်၊‌ ချောက်မြို့နယ်တွင် ကျောင်းနေအရွယ်ကလေးများ အာဟာရဖွံ့ဖြိုးတိုးတက်စေရေးအစီအစဉ်ဖြင့် KG တန်း ကျောင်းသား/သူများအား ဒုတိယအကြိမ် ကျောင်းတွင်းအာဟာရကျွေးမွေးခြင်းကို မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ ယနေ့နံနက် (၁၀) နာရီအချိန်က‌ ချောက်မြို့နယ်အတွင်းရှိ ကျောင်းပေါင်း (၁၉၁) ကျောင်းမှ KGတန်းကျောင်းသား/သူ (၂၅၈၇) ဦးကို တစ်ပြိုင်နက်တည်း ဆောင်ရွက်ခဲ့ ကြောင်း သိရသည်။

မင်းဘူးမြို့၌ ခရိုင်၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများနှင့် ပြည်သူများ၏ တတိယအကြိမ် စုပေါင်းဝါဆိုသင်္ကန်း ဆက်ကပ်လှူဒါန်း

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူးမြို့၌ မြန်မာသက္ကရာဇ် ၁၃၈၈ ခု၊ ဒုတိယဝါဆိုလပြည့် (ဓမ္မစကြာနေ့)  ယမန်နေ့ မွန်းလွဲ ၁ နာရီခွဲအချိန်က စုပေါင်းဝါဆိုသင်္ကန်းဆက်ကပ်လှူဒါန်းပွဲကို အမှတ် (၃) ရပ်ကွက် သာသနာ့ဗိမာန်၌ ကျင်းပပြုလုပ်ခဲ့သည်။

တောင်တွင်းကြီးမြို့နယ်၌ ဝါဆိုလပြည့် (ဓမ္မစကြာအခါတော်နေ့) တွင် ကုသိုလ်ကောင်းမှုများ ပြုလုပ်

မကွေးတိုင်းဒေသကြီး၊ တောင်တွင်းကြီးမြို့နယ်၌ မြို့နယ်အမျိုးသမီး‌ရေးရာအဖွဲ့နှင့် မိခင်နှင့်က‌လေးစောင့်ရှောက်ရေးအသင်းတို့သည် ဝါဆိုလပြည့်နေ့တွင် ဗုဒ္ဓဘာသာဝင်တို့ အထွဋ်အမြတ်ထားရာ ဓမ္မစကြာအခါတော်နေ့ဖြစ်ပြီး တောင်တွင်းကြီးမြို့နယ် မောင်းတိုင်(၁)ရပ်ကွက်အတွင်းရှိ ဆုတောင်းပြည့်‌စေတီ‌တော်နှင့် သက်ကြီးဘိုးဘွားရိပ်သာတို့၌ မြန်မာသက္ကရာဇ် ၁၃၈၈ ခုနှစ်၊ ဝါဆိုလပြည့်(ဓမ္မစကြာအခါတော်နေ့)တွင် ကုသိုလ်ကောင်းမှုပြုလုပ်သည်။

ငဖဲမြို့နယ်၌ ယခုနှစ်မိုးသီးနှံစိုက်ပျိုးရာသီတွင်  ပဲစဉ်းငုံ ၄၃၅၃ ဧက စိုက်ပျိုးပြီးစီး

မကွေးတိုင်းဒေသကြီး မင်းဘူးခရိုင် ငဖဲမြို့နယ်တွင် ယခုနှစ်မိုးသီးနှံစိုက်ပျိုးရာသီ၌ ပဲစဉ်းငုံစိုက်ပျိုးရန် ၄၅၀၀ ဧက လျာထားခဲ့ရာ ယနေ့ထိ ၄၃၅၃ ဧက စိုက်ပျိုးပြီးစီးနေပြီး အောင်မြင်ဖြစ်ထွန်းလျက်ရှိကြောင်း သိရသည်။

ပွင့်ဖြူမြို့နယ်၌ ယခုနှစ် မိုးသီးနှံစိုက်ပျိုးရာသီက စိုက်ပျိုးခဲ့သော သီးနှံစုံ (၃၃၃၈) ဧကထိ ရိတ်သိမ်းပြီးစီးပြီဖြစ်

မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်တွင် ယခုနှစ် မိုးသီးနှံစိုက်ပျိုးရာသီက စိုက်ပျိုးထားသော သီးနှံစုံ (၃၃၃၈) ဧကထိ ရိတ်သိမ်းပြီးစီးပြီဖြစ်ကြောင်း ပွင့်ဖြူမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။

ပခုက္ကူမြို့ လူထုအခြေပြုဗဟိုဌာန၌ စာဖတ်ရှိန်မြှင့်တင်ရေး စာဖတ်ဝိုင်းပြုလုပ်

မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်စာရေးဆရာအသင်းတို့ပူးပေါင်းပြီး စာဖတ်ရှိန်မြှင့်တင်ရေး စာဖတ်ဝိုင်းကို ယနေ့နံနက် ၉ နာရီအချိန်က လူထုအခြေပြုဗဟိုဌာန (Community centre) ခန်းမ၌ ကျင်းပပြုလုပ်သည်။
Subscribe to မကွေးတိုင်းဒေသကြီး