ဦးစီးဌာနရုံးချုပ်၏လှုပ်ရှားမှုများ

ကျွန်းဖိုပင်ကျေးရွာတွင် သစ္စာရွှေဘုံစေတီတော်အား ရွှေထီးတော်တင်လှူပူဇော်ပွဲကျင်းပ

မန္တလေးတိုင်းဒေသကြီး မိတ္ထီလာမြို့နယ် ကန်သာကျေးရွာအုပ်စု ကျွန်းဖိုပင်ကျေးရွာတွင် ကျွန်းဖိုပင်ကျောင်းတိုက်ဦးစီးပဓာနနာယကဆရာတော် ဘဒ္ဒန္တရေဝတ ဦးဆောင်၍ အများစုပေါင်း တည်ထား ကိုးကွယ်သော သစ္စာရွှေဘုံစေတီတော် ရွှေထီးတော်တင်လှူပူဇော်ပွဲကို ယနေ့ နံနက် ၉ နာရီအချိန်က ကျင်းပကြောင်းသိရသည်။

ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်၌ ပန်းခင်းစီမံချက်ဖြင့် အသက်(၁၈)နှစ် ပြည့်ပြီးသူများအား နိုင်ငံသား စိစစ်ရေးကတ်ပြားများ ထုတ်ပေးနိုင်ရေး ကျေးရွာနေပြည်သူများထံသို့ သွားရောက်ဆောင်ရွက်လျက်ရှိ

ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်တွင် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဆိုင်ရာဦးစီးဌာနမှ (ပန်းခင်း) စီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေး ကတ်ပြားများ ပြုလုပ်ဆောင်ရွက်ပေးခြင်းကို မေလဆန်းမှ စတင်၍ ပြုလုပ်ဆောင်ရွက်ပေးလျက်ရှိပြီး ယမန်နေ့ နံနက်ပိုင်းက ရှမ်းတဲကြီးကျေးရွာ အုပ်စု ဓမ္မာရုံတွင် ပန်းခင်းစီမံချက်ဖြင့် အသက်(၁၈)နှစ်ပြည့်ပြီးသူတိုင်းအား နိုင်ငံသားစိစစ်ရေးကတ်ပြားများ ထုတ်ပေးနိုင်ရေးအတွက် ကျေးရွာနေ ပြည်သူများထံသို့ တာဝန်ရှိသူများက သွားရောက်ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ဘုတလင်မြို့နယ်အတွင်းရှိ အသက်(၇၁)နှစ်နှင့်အထက် ဘိုးဘွားများနှင့် နိုင်ငံ့ဝန်ထမ်းများအား ဒုတိယအကြိမ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံပေး

စစ်ကိုင်းတိုင်းဒေသကြီး၊ ဘုတလင်မြို့နယ်အတွင်းရှိ အသက်(၇၁)နှစ်နှင့်အထက် ဘိုးဘွားများနှင့် နိုင်ငံ့ဝန်ထမ်းများအား ဒုတိယအကြိမ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးများကို ယနေ့ နံနက်ပိုင်းက ဘုတလင်မြို့၊ ပြည်သူ့ဝန်ဆောင်မှုရုံး(OSS) တွင် ထိုးနှံပေးခဲ့ကြောင်း သိရသည်။

လှိုင်းဘွဲမြို့နယ်တွင် ၂၀၂၁-၂၀၂၂ ပညာသင်နှစ် အခြေခံပညာကျောင်းများ ကျောင်းအပ်နှံရေးသီတင်းပတ်စတင်

ကရင်ပြည်နယ် လှိုင်းဘွဲမြို့နယ်တွင် ၂၀၂၁-၂၀၂၂ ပညာနှစ် “ကျောင်းနေအရွယ်ကလေးအားလုံး ပညာသင်ယူခွင့်ရရှိဖို့ ကျောင်းအပ်နှံကြစို့” ဆောင်ပုဒ်နှင့်အညီ အခြေခံပညာကျောင်းများတွင် ကျောင်းအပ်နှံခြင်းကို ယနေ့ နံနက်ပိုင်းက ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ပုလောမြို့နယ်၌ ကိုဗစ်-၁၉ရောဂါ ကုသရေး အဆောင်များပြင်ဆင်

ကမ္ဘာ့နိုင်ငံတစ်ချို့နှင့် အိမ်နီးချင်းနိုင်ငံ တစ်ချို့တွင် ကိုဗစ်-၁၉ရောဂ ဖြစ်ပွားမှုနှုန်းများ ပြန်လည် မြှင့်တင့်လျက်ရှိရာ ယနေ့ နံနက် ၈ နာရီက ပုလောမြို့ မကျည်းကုန်းခန်းမ၌ ကိုဗစ်-၁၉ရောဂါကုသရေး အဆောင်များကို ပြန်လည် ပြင်ဆင်ခဲ့ကြောင်း သိရသည်။

ချောင်းဆုံတွင် (၂၀၂၁)ခုနှစ်နွေရာသီအခြေခံအားကစားသင်တန်း သင်တန်းဆင်းပွဲကျင်းပ

မွန်ပြည်နယ် မော်လမြိုင်ခရိုင်၊ချောင်းဆုံမြို့နယ်အတွင်းရှိ လူငယ်လူရွယ်များအားလပ်ရက်များတွင် အချိန်ကိုအကျိုးရှိစွာအသုံးချနိုင်စေရန် ပြည်သူများအားကစားကို လေ့လာလိုက်စားစေခြင်းဖြင့် ကျန်းမာ ကြံ့ခိုင်မှုရရှိစေရန်၊ မျိုးဆက်သစ်အားကစားသမားပေါ်ထွက်လာစေရန်အတွက် ရည်ရွယ်၍ မြို့နယ် အား/ကာကော်မတီမှကြီးမှူးပြီး နွေရာသီအခြေခံအားကစားသင်တန်း၊ သင်တန်းဆင်းပွဲကို မေ ၂၁ရက် နံနက်(၁၀)နာရီက ချောင်းဆုံမြို့နယ်အားကစားရုံတွင် ကျင်းပပြုလုပ်ရာ မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့အတွင်းရေးမှူးနှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာမှတာဝန်ရှိသူများ၊ မြို့နယ်အား/ကာကော်မတီဝင်များနှင့် သင်တန်းသား/သူများတက်ရောက်ခဲ့ကြသည်။

၂၀၂၁ ခုနှစ်၊ အစိုးရဓမ္မစရိယ စာမေးပွဲနှင့် ပါဠိပထမပြန်စာမေးပွဲများ အောင်မြင်စွာ ကျင်းပဆောင်ရွက်နိုင်ရေး ညှိနှိုင်းအစည်းအဝေးကျင်းပ

၂၀၂၁ ခုနှစ်၊ အစိုးရဓမ္မစရိယစာမေးပွဲနှင့် ပါဠိပထမပြန်စာမေးပွဲများ အောင်မြင်စွာ ကျင်းပဆောင်ရွက် နိုင်ရေး ညှိနှိုင်း အစည်းအဝေးကို ယမန်နေ့ မွန်းလွဲ ၂ နာရီအချိန်က ကယားပြည်နယ် စီမံအုပ်ချုပ်ရေး ကောင်စီရုံး၊ အစည်းအဝေးခန်းမ၌ ကျင်းပခဲ့ရာ ၂၀၂၁ ခုနှစ်၊ အစိုးရဓမ္မစရိယ စာမေးပွဲနှင့် ပါဠိပထမပြန် စာမေးပွဲများ အောင်မြင်စွာ ကျင်းပနိုင်ရေး ဦးစီးကော်မတီဥက္ကဋ္ဌ၊ ကယားပြည်နယ် စီမံအုပ်ချုပ်ရေး ကောင်စီအဖွဲ့ဝင် ဦးစန်းဝေနှင့် ဦးစီးကော်မတီဝင်များနှင့် ဆပ်ကော်မတီဝင်များ တက်ရောက်ခဲ့ကြသည်။

ဧရာဝတီကမ်းပြိုကာကွယ်ရေးလုပ်ငန်းဆောင်ရွက်မှုများအားကွင်းဆင်းကြည့်ရှုစစ်ဆေး

စစ်ကိုင်းတိုင်းဒေသကြီး၊ စစ်ကိုင်းခရိုင်၊ မြင်းမူမြို့နယ်၊ လက္ကပင်ကျေးရွာရှိ ဧရာဝတီမြစ် ကမ်းပြိုကာကွယ်ရေး လုပ်ငန်းဆောင်ရွက်မှုလုပ်ငန်းများအား မြို့နယ် အုပ်ချုပ်ရေးမှုး ဦးရဲကိုကိုနှင့်သက်ဆိုင်ရာတာဝန်ရှိသူများက ကွင်းဆင်း စစ်ဆေးခဲ့ကြောင်းသိရှိရသည်။

သနပ်ပင်မြို့နယ် မြို့မဈေးနှင့် ဈေးတံတားလမ်းဆုံ၊ လူစည်းကားရာ‌ နေရာများ၌  ကိုဗစ်၁၉ရောဂါ ကြိုတင်ကာကွယ်ရေးအတွက် အသိပညာပေးခြင်းနှင့် (Mask)များ အခမဲ့ဖြန့်ဝေခြင်း ဆောင်ရွက်

ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ သနပ်ပင်မြို့နယ်တွင်  ကိုဗစ် ၁၉ ရောဂါကူးစက်ပြန့်ပွားမှု မရှိစေရန်   ပြည်သူများ အပြင်ထွက်တိုင်း နှာခေါင်းစည်း(Mask)ကို စနစ်တကျ တပ်ဆင်ရန်နှင့် ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာနက ထုတ်ပြန်ထားသော စည်းကမ်းချက်များကို  လိုက်နာရန်  အသိပညာပေး လုပ်ငန်းကို  ယနေ့နံနက် ၈ နာရီအချိန်က ဈေးတံတားလမ်းဆုံနှင့် မြို့မဈေးအတွင်း၊ လူစည်းကားရာ နေရာများ၌ နှာခေါင်းစည်း(mask) များ အခမဲ့ဖြန်ဝေခဲ့ကြသည်။
Subscribe to ဦးစီးဌာနရုံးချုပ်၏လှုပ်ရှားမှုများ