မွန်ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ရေးမြို့နယ်၊ ရေးမြစ်အနီး ကမ်းပြိုကာကွယ်ရေးလုပ်ငန်း Gabion Box ကျောက်စီမြေထိန်းတမံတည်ဆောက်နေမှုအား ကြည့်ရှုစစ်ဆေး
မွန်ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဦးဇော်လင်းထွန်း၊ ကောင်စီဝင်များနှင့် ဌာနဆိုင်ရာ တာဝန်ရှိ သူများတို့သည် ယနေ့နံနက် ၇ နာရီခွဲက ရေးမြို့နယ် ရေး-ထားဝယ်ကားလမ်းတံတားအနီး ရေးမြစ်အနီး ကမ်းပြိုကာကွယ်ရေးလုပ်ငန်း Gabion Box ကျောက်စီမြေထိန်း တမံတည်ဆောက်နေမှုအား ကွင်းဆင်း ကြည့်ရှုစစ်ဆေးခဲ့သည်။