ဦးစီးဌာနရုံးချုပ်၏လှုပ်ရှားမှုများ

ပွင့်ဖြူမြို့နယ် ညောင်လှ-ဆင်စု-ရေချမ်းစင် ကျေးရွာချင်းဆက် မြေနီလမ်းခင်းခြင်းလုပ်ငန်း ရာနှုန်း ပြည့်ပြီးစီး

ဆောက်လုပ်ရေးဝန်ကြီးဌာန၊ မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ ဒေသခံ ကျေးရွာနေပြည်သူများ  ကျေးလက်နှင့် မြို့ပြ ရာသီမရွေး အဆင်ပြေစွာ သွားလာနိုင်ရေးအတွက် ၂၀၂၀ - ၂၀၂၁ ဘဏ္ဍာနှစ် ၊ တိုင်းဒေသကြီးအစိုးရအဖွဲ့၏ ခွင့်ပြုငွေလုံးငွေရင်း ရန်ပုံငွေဖြင့် ပွင့်ဖြူမြို့နယ် ညောင်လှ - ဆင်စု - ရေချမ်းစင် ကျေးရွာချင်းဆက်လမ်းအား မြေနီလမ်းအဖြစ် အဆင့်မြှင့်တင် ဖောက်လုပ် ဆောင်ရွက်ခြင်းလုပ်ငန်း ရာနှုန်းပြည့်ပြီးစီးသွားပြီ ဖြစ်ကြောင်း အဆိုပါ မြို့နယ်ကျေး လက်လမ်း ဖွံ့ဖြိုးရေးဦးစီးဌာနမှ သိရသည်။ 

မကွေးတိုင်းဒေသကြီး မိသားစုစည်းရုံးရေးနှင့် စည်းကမ်းထိန်းသိမ်းရေးကော်မတီမှ လစဉ်လုပ်ငန်းဆောင်ရွက်ချက်များနှင့် စပ်လျဉ်း၍ လုပ်ငန်းညှိနှိုင်းအစည်းအဝေးပြုလုပ်

မကွေးတိုင်းဒေသကြီး မိသားစုစည်းရုံးရေးနှင့် စည်းကမ်းထိန်းသိမ်းရေးကော်မတီတို့၏ လစဉ်လုပ်ငန်း ဆောင်ရွက်ချက်များနှင့် စပ်လျဉ်း၍ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့ နံနက် ၉ နာရီခွဲ အချိန်က မကွေးမြို့၊ မြို့တော်ခန်းမ၌ ပြုလုပ်ခဲ့သည်။

ဘားအံမြို့၌ အစိုးရဓမ္မာစရိယစာမေးပွဲတွင် ရဟန်း၊သံဃာ (၄၈)ပါး ဝင်ရောက်ဖြေဆို

ကရင်ပြည်နယ်၊ ဘားအံမြို့တွင် သာသနာရေးဦးစီးဌာန(ကရင်ပြည်နယ်)မှ ပြည်နယ်အတွင်း သာသနာရေးဆိုင်ရာများ ထွန်းကားပြန့်ပွားစေရေးအတွက်ရည်ရွယ်ပြီး ၂၀၂၁ခုနှစ်၊ ဓမ္မာစရိယစာမေးပွဲကို ဇွန်လပထမပတ်အတွင်း ဘားအံမြို့ရှိ တောင်တန်းသာသနာပြုကျောင်းတွင် ကျင်းပပြုလုပ်ကြောင်း သိရသည်။

ပိုင်ကျုံမြို့အမှတ်(၂)ရပ်ကွက်တွင် အုတ်စီရေမြောင်း တည်ဆောင်ခြင်းလုပ်ငန်း‌ ဆောင်ရွက်မှု(၇၅)ရာခိုင်နှုန်းပြီးစီး

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ပိုင်ကျုံမြို့စည်ပင်သာယာရေးအဖွဲ့မှ အများပြည်သူများသွားလာမှုလွယ်ကူစေရေး၊ ကုန်စည်စီးဆင်းမှုမြန်ဆန်‌စေရေး၊ မြို့သာယာလှပ‌ရေးနှင့် ရေစီး‌ရေလာ‌ကောင်းမွန်စေ‌ရေးအတွက် ဖွံ့ဖြိုးရေးလုပ်ငန်း များ‌ဆောင်ရွက်ပေးလျက်ရှိရာ ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ် တတိယ(၃)လပတ်တွင် ငွေလုံးငွေရင်းအသုံးစရိတ် ငွေကျပ်(၂၃.၅၀၀)သန်းဖြင့် ပိုင်ကျုံမြို့၊ အမှတ်(၂) ရပ်ကွက် အထက‌ ကျောင်းလမ်းတွင် အုတ်စီရေ မြောင်း‌တည် ဆောက်ခြင်းလုပ်ငန်းများ ဆောင်ရွက်လျက်ရှိကြောင်းသိရသည်။

ဆင်ပေါင်ဝဲမြို့နယ်အတွင်းရှိ တောင်သူများအတွက် မိုးရာသီစိုက်ပျိုးစရိတ် ချေးငွေများထုတ်ချေးပေး

မကွးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ ဆင်ပေါင်ဝဲမြို့နယ် မြန်မာ့လယ်ယာ ဖွံ့ဖြိုးရေးဘဏ်ခွဲမှ မြို့နယ်အတွင်းရှိ တောင်သူ လယ်သမားများအတွက် ၂၀၂၁-ခုနှစ်၊ မိုးရာသီ စိုက်ပျိုးစရိတ် ထုတ်ချေးပေးခြင်းကို ယနေ့နံနက် ၉ နာရီခွဲက ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး လမ်းညွှန်ချက်များနှင့်အညီ စနစ်တကျ ထုတ်ချေးပေးလျက်ရှိကြောင်း သိရသည်။

မော်လိုက်မြို့နယ်တွင် ပန်းခင်းစီမံချက်ဖြင့် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေး ကတ်ပြားများ ဆောင်ရွက်ပေးလျက်ရှိ

စစ်ကိုင်းတိုင်းဒေသကြီး၊ မော်လိုက်မြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာ ဦးစီးမှူးရုံးတွင် ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြား ဆောင်ရွက်ပေးနေမှုတို့အား ယနေ့နံနက်ပိုင်း ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက သွားရောက် ကြည့်ရှု ခဲ့ကြကြောင်း သိရသည်။

လမိုင်းမြို့၌ ၂၀၂၁-၂၀၂၂ ပညာသင်နှစ်တွင် အခြေခံပညာစာသင်ကျောင်းများ စတင်ဖွင်လှစ်

မော်လမြိုင်ခရိုင် လမိုင်းမြို့တွင် ယနေ့နံနက်ပိုင်းမှ အခြေခံပညာ ကျောင်းများ စတင်ဖွင့်လှစ်၍ ကျောင်းများတွင် ကျောင်းသား ကျောင်းသူများ လာရောက်ပညာသင်ယူ လျက်ရှိသည်။

တောင်ငူ၌ နှာခေါင်းစည်း(Mask)များ တပ်ဆင်သွားလာသည့် အလေ့အထများ ဖြစ်စေရန်နှာခေါင်းစည်း များ အခမဲ့ဖြန့်ဝေ

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ တောင်ငူမြို့တွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှု ကြိုတင် ကာကွယ်ရေးအတွက် ပြည်သူများ အပြင်ထွက်သည့် အခါတိုင်း နှာခေါင်းစည်းများ တပ်ဆင်ရန်နှင့် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ ထုတ်ပြန်သည့် စည်းကမ်းချက်များနှင့်အညီ သွားလာနေထိုင် ကြရန် နှာခေါင်းစည်းများ အခမဲ့ဖြန့်ဝေခြင်းနှင့် အသိပညာပေးခြင်း လုပ်ငန်းကို ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးဆောင်မှုဖြင့် ယနေ့ နံနက် ၉ နာရီအချိန်က ကိုဗစ်-၁၉ အရေးပေါ်ထိန်းချုပ်နှင့်တုံ့ပြန်ရေး ကော်မတီရုံးရှေ့၊ ဘုရင့်နောင်စျေးရှေ့၌ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

မြင်းခြံ၌ ၂၀၂၀ ပြည့်နှစ် ပါဠိပထမပြန် အောင်မြင်သော သံဃာတော်များအား အောင်လက်မှတ် ဆပ်ကပ်နိုင်ရေး အစည်းအဝေးပြုလုပ်

မန္တလေးတိုင်းဒေသကြီး မြင်းခြံမြို့ ၂၀၂၀ ပြည့်နှစ် ပါဠိပထမပြန် စားမေးပွဲအောင်မြင်သော သံဃာတော်များအား အောင်လက်မှတ်ဆပ်ကပ်နိုင်ရေးနှင့် စာတော်ဆုငွေ လှူဒါန်းနိုင်ရေးအတွက် အစည်းအဝေးကို ယနေ့ နံနက် ၈ နာရီ အချိန်က မင်းကျောင်းတိုက်တွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။

တောင်သာမြို့နယ်တွင် ပန်းခင်းစီမံချက်ဖြင့် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ် ကွင်းဆင်း ဆောင်ရွက်

မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံခရိုင်၊ တောင်သာမြို့နယ်တွင် ပန်းခင်းစီမံချက်ဖြင့် အိမ်ထောင်စု လူဦးရေစာရင်းနှင့် နိုင်ငံသား စိစစ်ရေးကတ် ထုတ်ပေးရေး ကျေးရွာများအရောက် ကွင်းဆင်းဆောင်ရွက် ပေးလျက်ရှိရာ ယမန်နေ့ နံနက် ၉ နာရီအချိန်က မကြီးချိုကျေးရွာ အုပ်စုအတွင်းရှိ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာ တောင်သာမြို့နယ် ဦးစီးမှူးရုံး ဝန်ထမ်းများက ကွင်းဆင်း ဆောင်ရွက် ပေးလျက်ရှိကြောင်း သိရသည်။
Subscribe to ဦးစီးဌာနရုံးချုပ်၏လှုပ်ရှားမှုများ