ပွင့်ဖြူမြို့နယ်တွင် ကိုဗစ် - ၁၉ ရောဂါပိုး (၃၇)ဦး ထပ်မံ စစ်ဆေးတွေ့ရှိ

ပွင့်ဖြူ ဇူလိုင် ၁၇


မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်တွင် ယမန်နေ့ နံနက်ပိုင်းက ကိုဗစ် - ၁၉ ရောဂါပိုး (၃၇) ဦး ထပ်မံ စစ်ဆေးတွေ့ရှိခဲ့ကြောင်း မြို့နယ်ကိုဗစ် - ၁၉ ရောဂါကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ ထံမှ  သိရသည်။


ယမန်နေ့ နံနက်ပိုင်းက မြို့နယ်ပြည်သူ့ဆေးရုံကြီးတွင် ကိုဗစ် - ၁၉ ရောဂါပိုးတွေ့ရှိသူနှင့် ထိစပ်မှုရှိသူ (၇၀)ဦးအား RDT ( Test Kits ) ဖြင့် စစ်ဆေးရာတွင် (၃၇)ဦးတွင် ကိုဗစ် - ၁၉ ရောဂါပိုး စစ်ဆေးတွေ့ရှိခဲ့ပြီး ကျန်(၃၃)ဦးမှာ Negative ဖြစ်ကြောင်း သိရသည်။ အဆိုပါ ကိုဗစ်ပိုးစစ်ဆေးတွေ့ရှိသူများကို မြို့နယ်ကိုဗစ် - ၁၉ ရောဂါကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုန့်ပြန်ရေး ကော်မတီမှ ပွင့်ဖြူမြို့ ၊ အရှေ့ပိုင်းရပ်ကွက် မိုးကုတ်ရိပ်သာတွင် စီစဉ်ထားရှိသော Facility Centre တွင် ထားရှိပြီး လိုအပ်သော ကျန်းမာရေးဆေးကုသများ ဆောင်ရွက်ပေးထားကြောင်း သိရသည်။


ပွင့်ဖြူမြို့နယ်၌ ဇွန် ၂၉ ရက်နေ့မှ ယနေ့အထိ ကိုဗစ် - ၁၉ ရောဂါပိုးစစ်ဆေးတွေ့ရှိသူ (၁၀၄)ဦး ရှိပြီဖြစ်ကာ ရောဂါသက်သာပျောက်ကင်း၍ ဆေးရုံဆင်းခွင့်ရရှိသူ ၁၈ ဦး ရှိကြောင်းနှင့် ပိုးတွေ့လူနာ ၈၆ ဦး ကျန်ရှိနေသေးကြောင်း မြို့နယ်ကိုဗစ် - ၁၉ ရောဂါကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုန့်ပြန်ရေးကော်မတီထံမှ  သိရသည်။


ရဲဝင်းနိုင်