ဝေါ ဇူလိုင် ၁၇
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ဝေါမြို့နယ် မြို့နယ်အတွင်းရှိ ရုံးဌာနများတွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးအတွက် စီမံဆောင်ရွက် ထားရှိမှုများအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှ ယမန်နေ့ နံနက်ပိုင်းတွင် လိုက်လံစစ်ဆေးခဲ့ကြောင်း သိရသည်။
မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌ ဦးဝင်းမော်၊မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင် (၁) ဗိုလ်မှူး မျိုးဝင်းအောင်နှင့် အဖွဲ့ဝင်များသည်ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးအတွက် ဆောင်ရွက်ရမည့် လုပ်ငန်းလမ်းညွှန်ချက်(Version 3.0)ပါ အချက်များနှင့် အညီ စစ်ဆေးဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အဆိုပါ စစ်ဆေးဆောင်ရွက်ရာတွင် ရုံးအဝင်ဝတွင် ကျန်းမာရေးနှင့်အားကစား ဝန်ကြီးဌာနမှ လမ်းညွှန်ချက်များနှင့်အညီ စနစ်တကျ ကိုယ်အပူချိန်တိုင်းခြင်း၊ ရုံးအဝင်ဝတွင် လက်ဆေးရန် စီစဉ်ဆောင်ရွက်ထားရှိခြင်း၊ ကိုဗစ်-၁၉ ရောဂါ ကျန်းမာရေးအသိပညာပေးဗီနိုင်းများ ချိတ်ဆွဲထားခြင်း၊ ရုံသို့ရောက်ရှိချိန်တွင် social distancing မူများနှင့်အညီ အလုပ်လုပ်ကိုင်ရန်နှင့် နှာခေါင်းစည်း၊ Face Shield များ တပ်ဆင်ထားရန် စသည့်အချက်များပါဝင်သော အချက်(၁၄) ချက်နှင့်အညီ စစ်ဆေး ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အောင်မြတ်လင်း