ဌာနီရှေ့ နယ်လုံးဆိုင်ရာလူမှုကူညီရေးအသင်းသို့ အလှူငွေ(၃)သိန်းကျပ်နှင့် ကြက်ဥအလုံး(၁၀၀၀)လှူဒါန်း
မန္တလေးမြို့၊ အောင်မြေသာစံမြို့နယ်၊ အမရဌာနီအရှေ့ရပ်ကွက်၊ အကွက်(၃၁)၊ ၉ လမ်း၊ ၇၈ လမ်း နှင့် ၇၉ လမ်းကြား၊ အရိပ်မထွက်ဆုတောင်းပြည့် မြတ်စွာဘုရားအရှေ့မုဒ်ရှိ ဌာနီရှေ့နယ်လုံးဆိုင်ရာ လူမှုကူညီရေး အသင်းသို့ အလှူရှင် Myanmar CP Iivestock CO, Ltd မိသားစုမှ ယနေ့နံနက် ၁၀ နာရီခွဲက အလှူငွေ (၃)သိန်းကျပ်နှင့် ကြက်ဥအလုံး(၁၀၀၀) လှူဒါန်းခဲ့ကြောင်းသိရသည်။