တောင်တွင်းကြီး အောက်တိုဘာ ၂၂
မကွေးတိုင်းဒေသကြီး၊ တောင်တွင်းကြီးမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါကူးစက်ပျံ့ပွားမှုကို ထိရောက်စွာ ကာကွယ် တားဆီးထိန်းချုပ်နိုင်ရန်နှင့် ကြိုတင်ကာကွယ်ရေးလုပ်ငန်းများတွင် ပြည်သူလူထု ပူးပေါင်းပါဝင်ဆောင် ရွက်နိုင်ရန် ရည်ရွယ်၍ အသိပညာပေးနှိုးဆော်ခြင်းလုပ်ငန်းများကို အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိရာ ယနေ့ နံနက်(၁၂) နာရီက မြို့ပေါ်ရပ်ကွက်များရှိ ဒေသ ခံပြည်သူများ သိရှိလိုက်နာနိုင်ရေးအတွက် ကျန်းမာရေး ဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော ကာကွယ်ရေးလမ်းညွှန်ချက်များနှင့် ကာကွယ်ဆေး အကြိမ်ပြည့်ထိုးနှံကြရန် အသံချဲ့စက်ယာဉ်ဖြင့် အသိပညာပေးနှိုးဆော်ခြင်းများ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ထိုသို့ အသံချဲ့စက်ယာဉ်ဖြင့် အသိပညာပေးနှိုးဆော်ခြင်းများဆောင်ရွက်ရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်မှုဖြင့် ဌာနဆိုင်ရာများပါဝင်သည့်ပူးပေါင်းအဖွဲ့က မြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါထိ ရောက်စွာ ကာကွယ်ထိန်း ချုပ်သွားနိုင်ရေးအတွက် မိဘပြည်သူများအနေ ဖြင့် တတ်နိုင်သမျှအိမ်တွင်း၌သာ နေထိုင်ကြရန် ၊ နေအိမ်ပြင်ပသို့သွားရောက်ရန်ရှိပါက ပါးစပ်နှင့်နှာခေါင်းစည်း (Mask) မဖြစ်မနေ စနစ်တကျ တပ်ဆင်သွား လာကြရန်၊ လက်ကိုမကြာခဏ ဆေးကြောကြရန်၊ လူစုလူဝေးပြုလုပ်ခြင်းများကိုရှောင်ကြဉ်ကြရန်၊ တစ်ဦးနှင့် တစ်ဦး ခပ်ခွာခွာနေထိုင်သွားလာကြရန်၊ ရောဂါပိုး ကူးစက်ခံရ သည်ဟုသံ သယရှိပါက နီးစပ်ရာကျန်းမာရေး ဌာနများသို့ဆက်သွယ်၍ ဆေးကုသမှုခံယူကြရန် ၊ မိမိတို့နေအိမ်တွင် အသက်အရွယ်ကြီးရင့်သူများနှင့် ဆီးချို၊ သွေးတိုး၊ နှလုံးစသည့် နာတာရှည် ရောဂါတစ်ခုခုခံစားနေရသူရှိပါက ထိုသူအား ပါးစပ်နှင့်နှာခေါင်းစည်းကို မဖြစ်မနေ တပ်ဆင်ပေးပြီး လေဝင်လေထွက်ကောင်းသည့်နေရာတွင် နေထိုင်ပေးကြရန်၊ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံမှုကို အကြိမ်ပြည့်ထိုးနှံကြရန်၊ ကာကွယ်ဆေးထိုးနှံပြီးသော်လည်း ကာကွယ်ရေးနည်း လမ်းများကို ဆက်လက်လိုက်နာဆောင်ရွက်ကြရန်၊ ရောဂါကူးစက်ပြန့်ပွားမှု လျော့နည်းပပျောက်စေရေးအတွက် ကျန်းမာ ရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသောကာကွယ်ထိန်းချုပ်ရေးဆိုင်ရာ အသိပညာပေးလမ်း ညွှန်ချက်များ ကို ပြည်သူများအားလုံးက ကိုယ်စီလိုက်နာကြပြီး ပူးပေါင်းပါဝင်ဆောင်ရွက်ပေးကြရန်၊ ပထမအကြိမ် ကာကွယ်ဆေး ထိုးနှံပြီးသူများအနေဖြင့်ဒုတိယအကြိမ် ကာကွယ်ဆေးလာရောက်ထိုးနှံကြရန်တို့ကို ရပ်ကွက် အတွင်း လှည့် လည်ကာ အသိပေးနှိုးဆော် ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
နိုင်ဝင်း