ရွာငံ အောက်တိုဘာ ၂၈
ရှမ်းပြည်နယ်တောင်ပိုင်း၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ရွာငံမြို့နယ်အတွင်း ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး ဆက်လက်ထိုးနှံ ခြင်းကို ဆေးထိုးအုပ်စု ငါးအုပ်စုဖြင့် အောက်တို ဘာ ၂၇ရက်မှ စတင်၍ ဒုတိယအကြိမ် ထိုးနှံပေးလျက်ရှိသည်။
ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးထိုးနှံရာတွင် လူစုလူဝေးမဖြစ်ပေါ်စေရန်နှင့် စာရင်း ရေးသွင်းရာတွင် မှန်ကန်လွယ်ကူစေရန် ရွာငံမြို့နယ် မြို့ဦးမင်္ဂလာကျောင်းကြီး၊ ရေဦး(အ.ထ.က)၊ မြိုင်(အ.ထ.က)၊ မြင်းကျဒိုး(အ.ထ.က)နှင့် မြို့ကြီးဓမ္မာရုံဟူ၍ ဇုန်၅ဇုန် သတ်မှတ်စုရပ်အနေဖြင့် Sinopham ဆေးလုံးရေ၈၇၁လုံးကို တစ်လုံးလျှင် လူ၅ဦးနှုန်းဖြင့် လူဦးရေစုစုပေါင်း ၄၃၅၅ ဦးအား အညီအမျှခွဲဝေ၍ ဒုတိယအကြိမ်အနေဖြင့် အောက်တိုဘာလ ၂၉ရက်နေ့အထိ ထိုးနှံပေးသွားမည်ဖြစ်ကြောင်း သိရသည်။
အဆိုပါဆေးထိုးနှံမှုကို ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီ ဥက္ကဋ္ဌ ဦးခင်မောင်ဦးနှင့်အဖွဲ့ဝင်များက ကာကွယ်ဆေးထိုးနှံမှုများကို လိုက်လံကြည့်ရှု အားပေးခဲ့ကြကြောင်း သိရသည်။
ပြည့်ဖြိုးသန့်