ငါန်းဇွန် အောက်တိုဘာ ၂၈
မန္တလေးတိုင်းဒေသကြီး မြင်းခြံခရိုင် ငါန်းဇွန်မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်း များမှ အသက် ၁၂ နှစ်နှင့်အထက် ကျောင်းသား၊ ကျောင်းသူများအား ယမန်နေ့ နံနက် ၉ နာရီအချိန်မှစ၍ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ဆက်လက် ထိုးနှံပေး ကြောင်း သိရသည်။
ငါန်းဇွန်မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများမှ အသက် ၁၂ နှစ်နှင့်အထက် ကျောင်းသား၊ ကျောင်းသူများအား ကာကွယ်ဆေးထိုးနှံပေးသည့် စုရပ်နေရာများမှာ ငါန်းဇွန် အ.ထ.က၊ ခြင်္သေ့လက် အ.ထ.က၊ မြို့သာ အ.ထ.က၊ ဂျို အ.ထ.က၊ ငါန်းမြာ အ.ထ.က၊ သားကျင် အ.ထ.ကနှင့် မင်းနေကုန်း အ.ထ.က (ခွဲ) စုစုပေါင်း စုရပ်နေရာ (၇) နေရာဖြစ်ပြီး ယမန်နေ့က အဆိုပါစုရပ်နေရာများမှ အထက်တန်းနှင့် အလယ် တန်းအဆင့် ကျောင်းသား၊ ကျောင်းသူ (၁၃၄) ဦး ထိုးနှံပေးခဲ့ကြောင်း သိရသည်။
ထိုသို့ ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး ထိုးနှံပေးရာတွင် ငါန်းဇွန်မြို့နယ် Coronavirus Disease 2019 (COVID-19) ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး လုပ်ငန်းကော်မတီ၏ ကြီးကြပ်မှုဖြင့် သက်ဆိုင်ရာ အခြေခံပညာကျောင်းများမှ ဆရာ ဆရာမများ၊ ရဲတပ်ဖွဲ့ဝင်များနှင့် မီးသတ်တပ်ဖွဲ့ဝင်များက ကာကွယ်ဆေး ထိုးနှံရန် လာရောက်ကြသော အသက်(၁၂)နှစ်ပြည့်ပြီး ကျောင်းသား၊ ကျောင်းသူများနှင့် ၎င်းတို့၏ အုပ်ထိန်းသူ မိဘပြည်သူများအား ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန် ထားသော ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးဆိုင်ရာ စည်းကမ်းချက်များနှင့်အညီ လူစုလူဝေး မဖြစ်ပေါ်စေရေး သွားလာရေး အဆင်ပြေစေရန် ကူညီဆောင်ရွက် ပေးလျက်ရှိပြီး မြို့နယ်ကျန်းမာရေးဝန်ထမ်းများက ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံ ပေးခဲ့ရာ အောက်တိုဘာ ၁၇ ရက်နေ့မှ ၂၇ ရက်နေ့အထိ (၁၃၉၇) ဦး ထိုးနှံပြီးကြောင်း သိရသည်။
သက်နောင်ဦး (ငါန်းဇွန်)