ပင်လောင်း အောက်တိုဘာ ၂၅
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပင်လောင်းမြို့နယ်၌ အခြေခံပညာကျောင်းများတွင် ပညာသင်ကြားလျက်ရှိသည့် အသက် (၁၂) နှစ်မှ (၁၈) နှစ်အထိ ကျောင်းသား၊ ကျောင်းသူများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ထိုးနှံပေးခြင်းကို ယနေ့ နံနက်ပိုင်းက အ.ထ.က(၂) ဆေးထိုးစုရပ်တွင်ဆက်လက်ထိုးနှံ ပေးလျက်ရှိကြောင်း သိရသည်။
ယခုကဲ့သို့ ကာကွယ်ဆေး ထိုးနှံပေးရာတွင် မိဘများ၏ ဆေးထိုးရန် သဘောတူညီချက် ရရှိထားသော အသက် ၁၂ နှစ်မှ ၁၈ နှစ် အထိ ကျောင်းသားကျောင်းသူများအား ဆေးထိုးစုရပ်များ ဖြစ်သည့် အမှတ်(၂)အခြေခံပညာ အထက်တန်းကျောင်းတွင် ကျား၂၀၇ ဦး၊ မ ၂၉၅ ဦး၊ အ.ထ.က နောင်တရားတွင် ကျား ၃၇၂ ဦး ၊ မ ၅၂၄ ဦး၊ တီကျစ် အ.ထ.က တွင်ကျား ၃၀၀ ဦး၊ မ ၃၄၆ ဦး၊ အ.ထ.က ဆောင်းပြောင်းတွင် ကျား ၂၆၄ ဦး၊ မ ၃၃၆ ဦး၊ ပေါင်းလောင်းမြို့ အ.ထ.က တလိုင်းမကျောင်းတွင် ကျား ၃၁၆ ဦး၊ မ ၃၉၂ ဦး စုစုပေါင်း ကျောင်းသား ၁၄၅၉ ဦးနှင့် ကျောင်းသူ ၁၈၉၃ ဦး တို့အား ထိုးနှံပေးနိုင်ခဲ့ပြီး ဖြစ်ကြောင်း သိရသည်။
ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံပေးရာတွင် ပင်လောင်းမြို့နယ်အတွင်းရှိ အခြေခံပညာ အထက်တန်းကျောင်း ၁၄ ကျောင်း၊ အလယ်တန်းကျောင်း ၂၄ ကျောင်းတို့တွင် ကျောင်းအပ်နှံထားသည့် အသက် (၁၂) နှစ်မှ (၁၈) နှစ်အထိ ကျောင်းသား၊ ကျောင်းသူ အခြေခံပညာ အလယ်တန်းကျောင်းမှ (၈၇၃၆) ဦးနှင့် အထက်တန်းကျောင်းမှ (၁၆၅၈) ဦး စုစုပေါင်း ကျောင်းသား၊ ကျောင်းသူ (၁၀၃၉၄) ဦးတို့အား ဆေးထိုးစုရပ် (၅) နေရာတွင် ထိုးနှံပေးသွားမည် ဖြစ်သည်။
ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံပေးခြင်း လုပ်ငန်းအား မြို့နယ်ကိုဗစ်-၁၉ ရောဂါထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေး ကော်မတီ၏ ကြီးကြပ်မှုဖြင့် မြို့နယ် ကျန်းမာရေးဌာန၊ မြို့နယ်ပညာရေးဌာန၊ မြို့နယ်ရဲတပ်ဖွဲ့ ၊ မြို့နယ်မီးသတ်တပ်ဖွဲ့၊ ဌာန ဆိုင်ရာများ၊ စေတနာ့ဝန်ထမ်းများ ပူးပေါင်း၍ ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန် ထားသည့် ကိုဗစ်-၁၉ ရောဂါဆိုင်ရာ စည်းကမ်းချက်များနှင့်အညီ သက်ဆိုင်ရာ ဆေးထိုးစုရပ်များတွင် ဆက်လက်ထိုးနှံပေးသွားမည်ဖြစ်ကြောင်း သိရသည်။
ထွန်းလင်း (ပင်လောင်း)