ဘူးသီးတောင် အောက်တိုဘာ ၁၈
ရခိုင်ပြည်နယ်၊ မောင်တောခရိုင်၊ ဘူးသီးတောင်မြို့နယ် အတွင်းရှိအလယ်တန်း၊အထက်တန်းအခြေခံ ပညာကျောင်းများမှ အသက်(၁၂)နှစ်အထက် ကျောင်းသား၊ ကျောင်းသူ ( ၈၅၉၃)ဉီးတို့ အား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး (Sinovac) ပထမအကြိမ် ကို ယနေ့နံနက် (၉)နာရီမှ စတင်ထိုးနှံပေးလျက်ရှိသည်။
အဆိုပါကာကွယ်ဆေးထိုးနှံမှုကိုမြို့ နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အတွင်း ရေးမှူး မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးဝေဖြိုးဉီးနှင့်အဖွဲ့ဝင်များကကျောင်းသား၊ ကျောင်းသူများအား ကိုဗစ်-၁၉ ရောဂါကာကွယ် ဆေး (Sinovac) ထိုးနှံနေမှုအခြေအနေများကို လိုက်လံကြည့်ရှုခဲ့ကြပြီး အားပေးစကားပြောကြားခဲ့သည်။
ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးထိုးနှံမှုကိုမြို့နယ် အဆင့်ဌာနဆိုင်ရာများ၊ ထွေအထွေ ထွေအုပ်ချုပ်ရေး ဦးစီးဌာနဝန်ထမ်းများ၊ ကျန်းမာရေးဉီးစီးဌာန ဝန်ထမ်းများ၊ဆရာ/ဆရာမများ၊ မီးသတ်တပ်ဖွဲ့ဝင် များနှင့်ကြက်ခြေနီ တပ်ဖွဲ့ဝင်များက ကာကွယ်ဆေးထိုးနှံရန်လာရောက်ကြသည့် ကျောင်းသား/ ကျောင်းသူ များအား သတ်မှတ်နေရာသို့ လိုက်ပါ ပို့ဆောင်ပေးခြင်း၊ လိုအပ်သည့်ကူညီမှုများ ဆောင်ရွက်ပေးခြင်း၊ စာရင်းမှတ်တမ်း ရေးသွင်း ကောက်ယူခြင်း၊ ကိုယ်အပူချိန် တိုင်းတာပေးခြင်း၊ အောက်ဆီဂျင်တိုင်းတာပေးခြင်းနှင့် သွေးပေါင်ချိန်တိုင်းတာ ပေးခြင်းတို့ကို စနစ်တကျ ကူညီဆောင်ရွက်ပေးခဲ့ပြီး ကိုဗစ်-၁၉ စည်းကမ်း သတ်မှတ်ချက် များနှင့်အညီ ကာကွယ်ဆေး ထိုးနှံပေးကာ မိနစ်( ၃၀)ခန့်အနားယူစေပြီး ကျန်းမာရေး စောင့်ရှောက်မှုများ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
ဘူးသီးတောင်မြို့နယ်တွင်ကိုဗစ် -၁၉ရောဂါကာကွယ်ဆေးကိုစုရပ် ( ၁၈)ခုထားရှိကာအသက်(၁၂)နှစ် အထက် ကျောင်းသား/ ကျောင်းသူစုစုပေါင်း(၈၅၉၃)ဦးတို့အားသတ်မှတ်စုရပ်များ၌ နံနက် ၉နာရီမှနေ့လည် ၁၂နာရီထိလည်းကောင်း၊ နေ့လယ် ၁နာရီမှ ညနေ ၄နာရီထိလည်းကောင်း ကာကွယ်ဆေးများ ထိုးနှံပေးမည်ကြောင်း သိရသည်။
အဆိုပါ ကာကွယ်ဆေးထိုးနှံနေသည့် ကျောင်းသား/သူများအား ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန မြို့နယ် တာဝန်ခံဦးငြိမ်းထွန်းနှင့်ဝန်ထမ်းများက Mask ( ၅၀၀၀)ခုကိုဖြန့်ဝေပေးခဲ့ကြောင်းသိရသည်။
ဘူးသီးတောင်မြို့နယ်၌အထက( ၅) ကျောင်း၊ အထက ခွဲ ( ၈)ကျောင်း၊ အလက(၃)ကျောင်း၊ အလက ခွဲ ( ၁၇)ကျောင်း၊ မူလွန် (၈၁)ကျောင်း စုစုပေါင်း ( ၁၁၄)ကျောင်းရှိကြောင်း သိရသည်။
လှကျော် ( ပြန်/ဆက်)