ငါန်းဇွန်မြို့နယ်ရုံး လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမ၌ စာဖတ်ဝိုင်းကျင်းပ

ငါန်းဇွန်      ဒီဇင်ဘာ   ၂၇

မန္တလေးတိုင်းဒေသကြီး မြင်းခြံခရိုင် ငါန်းဇွန်မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမ၌ အပတ်စဉ် တနင်္လာနေ့တိုင်း ဝန်ထမ်းများ စာဖတ်ဝိုင်းကျင်းပလျက်ရှိရာ ယနေ့နံနက် ၁၀နာရီခွဲအချိန်က ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ငါန်းဇွန်မြို့နယ်ရုံးဝန်ထမ်းများက စာရေးဆရာ ကျော်ဝင်းဟိန်း(ပခုက္ကူ)၏ “နှလုံးသား ယဉ်ကျေးမှု စာစုများ” စာအုပ်ဖတ်ရှုပြီး စာဖတ်ဝိုင်း ပြုလုပ်ကြောင်း သိရသည်။

အဆိုပါ စာဖတ်ဝိုင်းတွင် မြို့နယ်ဦးစီးမှူး ဒေါ်နေခြည်ဦးက “ပညာရှိသူတော်စင်နှင့် ဆင်းရဲသော ဘုရင်” ခေါင်းစဉ်ဖြင့်လည်းကောင်း၊ ဦးသက်နောင်ဦး(ဓာတ်ပုံကျွမ်းကျင် -၂)က“စကားကို ဆင်ဆင် ခြင်ခြင် ပြောပါ”ခေါင်းစဉ်ဖြင့်လည်းကောင်း၊ ဒေါ်ချိုမြင့်ကြည်(စာကြည့်တိုက် လက်ထောက်-၃)က “ကြိုးဖြတ်လိုက်တဲ့ လေတံခွန်” ခေါင်းစဉ် ဖြင့်လည်းကောင်း၊ ဦးကိုကိုနိုင်(ရုပ်သံကျွမ်းကျင်-၃)က “မိခင်၏ စွန့်လွှတ်အနစ် နာခံမှု”ခေါင်းစဉ်ဖြင့်လည်းကောင်း၊ ဦးဘုန်းကျော်(အငယ်တန်းစာရေး) က“အပြစ်တင် မစောမိပါစေနဲ့” ခေါင်းစဉ်ဖြင့်လည်းကောင်း၊ စာရေးဆရာ ကျော်ဝင်းဟိန်း(ပခုက္ကူ) ၏ “နှလုံးသားယဉ်ကျေးမှု စာစုများ” စာအုပ်ပါ ခေါင်းစဉ်များအလိုက် မိမိတို့ ဖတ်ရှုလေ့လာနား လည်မှုများအား အပြန်အလှန်ရှင်းလင်း ဆွေးနွေးကြကြောင်း သိရသည်။     

သက်နောင်ဦး(ငါန်းဇွန်)