နမ့်ခမ်း ဇန်နဝါရီ ၄
ရှမ်းပြည်နယ်(မြောက်ပိုင်း) ၊ မူဆယ်ခရိုင် ၊ နမ့်ခမ်းမြို့တွင် ၂၀၂၂ ခုနှစ်၊ ဇန်နဝါရီလ(၄)ရက်နေ့တွင် ကျရောက်သည့် (၇၄)နှစ်မြေက် လွက်လပ်ရေးနေ့ အလံတင်အခမ်းအနားကို ပန်ပွဲကွင်းရှိ လွတ်လပ်ရေးကျောက်တိုင်၌ ယနေ့ နံနက် (၄)နာရီ မိနစ်(၂၀) အချိန်တွင် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့၊ ဂုဏ်ပြုတပ်ဖွဲ့မှ ဦးဆောင်၍ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်အလံကိုတင်ပြီး ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်အလံနှင့် ကျဆုံးပြီးသော အာဇာနည်ခေါင်းဆောင်နှင့် ရဲဘော် အပေါင်းတို့အား အလေးပြုခဲ့သည်။
ထို့နောက် (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့ သဝဏ်လွှာဖတ်ကြားပွဲ အခမ်းအနားကို ယနေ့နံနက်(၇)နာရီအချိန်တွင် မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနရုံးရှိ အစည်းအဝေးခန်းမ၌ ဆက်လက်ကျင်းပပြီး ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်၊ နိုင်ငံတော်စီမံအုပ်ချုပ် ရေးကောင်စီ ဥက္ကဌမှ ပေးပို့လာသည့် (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့ သဝဏ်လွှာကို မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဝင်းအောင်က ဖတ်ကြားခဲ့သည်။
အခမ်းအနားသို့ မြို့နယ်အုပ်ချုပ်ရေးမှူးနှင့် မြို့နယ်အဆင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ လူမှုရေးအသင်းအဖွဲ့များ၊ မြို့နယ်အတွင်းရှိ တိုင်းရင်း သားစာပေနှင့်ယဥ်ကျေးမှုအဖွဲ့များနှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးများက တက်ရောက်ကြောင်း သိရှိရသည်။
ဆိုင်ထွန်း