လှိုင်းဘွဲ ဒီဇင်ဘာ ၂၈
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ လှိုင်းဘွဲမြို့ရှိ အခြေခံပညာအထက်တန်းကျောင်း၌ (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ်အကြို စာစီစာကုံးပြိုင်ပွဲနှင့် ပန်းချီ ပြိုင်ပွဲကို ယနေ့နံနက် (၁၀) နာရီအချိန်က ပြုလုပ်ကျင်းပပေးခဲ့ကြောင်း သိရှိရသည်။
အခြေခံပညာအထက်တန်းအဆင့် ကျောင်းသား၊ ကျောင်းသူများအား လွတ်လပ်ရေးကို ထိန်းသိမ်းဖို့ တိုင်းရင်းသားများ စည်းလုံးစို့ ခေါင်းစဉ်ဖြင့်လည်းကောင်း၊ အခြေခံပညာအလယ်တန်းအဆင့် ကျောင်းသား၊ ကျောင်းသူများအား လွတ်လပ်ရေးနေ့ ဒို့မမေ့ခေါင်းစဉ်များဖြင့် စာစီစာကုံးပြိုင်ပွဲနှင့် ပန်းချီပြိုင်ပွဲကို ပြုလုပ်ကျင်းပ ပေးခဲ့ကြောင်း ကျောင်းအုပ် ဆရာမကြီးထံမှ သိရှိရသည်။
စောဒိ(ပြန်/ဆက်)