မိုးနဲမြို့နယ်၌ စိုက်ပျိုးရေးသုံးပစ္စည်းအရောင်းဆိုင်များ ဥပဒေ၊ လုပ်ထုံးလုပ်နည်းများနှင့်အညီ ဖြန့်ဖြူးရောင်းချနိုင်ရေး စစ်ဆေးခြင်းနှင့်အသိပညာပေးခြင်းဆောင်ရွက်
ရှမ်းပြည်နယ်(တောင်ပိုင်း) ၊နမ့်စန်ခရိုင် ၊မိုးနဲမြို့နယ် စိုက်ပျိုးရေးဌာနမှ မြို့နယ်ဦးစီးမှူးနှင့် မြေ၊ မျိုး၊ ပိုး တာဝန်ခံများလိုက်ပါလျက် မြို့နယ်အတွင်းရှိ စိုက်ပျိုးရေးသုံး ပစ္စည်းအရောင်း ဆိုင်များအား ဥပဒေ၊ နည်းဥပဒေ၊ လုပ်ထုံးလုပ်နည်းများနှင့်အညီ ဖြန့်ဖြူးရောင်းချခြင်းရှိ/မရှိ စစ်ဆေးခြင်းနှင့် အသိပညာပေးခြင်းလုပ်ငန်းကို ယနေ့နံနက် ၈ နာရီခွဲအချိန်က ကွင်းဆင်း ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။