မြောင်းမြ မေ ၅
ဧရာဝတီတိုင်းဒေသကြီး မြောင်းမြမြို့တွင် ယာဥ်အန္တရာယ် လမ်းအန္တရာယ် ကင်းရှင်းရေးအတွက် ယာဥ်စည်းကမ်း လမ်းစည်းကမ်း အသိပညာပေး ဟောပြောပွဲကို ယနေ့နံနက် (၉:၃၀) နာရီ အချိန်က မြို့နယ်မီးသတ်ဦးစီးမှူးရုံးတွင် ကျင်းပပြုလုပ်ခဲ့သည်။
အဆိုပါ ဟောပြောပွဲတွင် အမှတ်(၈၁)ယာဥ်ထိန်းတပ်ဖွဲ့မှ ဒုတိယရဲမှူး ညီညီအောင်က ယာဥ်အန္တရာယ်၊ လမ်းအန္တရာယ်ကင်းရှင်းရေးအတွက် လိုက်နာရမည့်အချက်များ၊ ယာဥ်အန္တရာယ် ဖြစ်ပွားတတ်သည့် အခြေအနေများကို အသိပညာပေး ဟောပြောခဲ့ပြီးနောက် ယာဥ်ထိန်းတပ်ဖွဲ့ဝင်များက ယာဥ်အန္တရာယ်လမ်းအန္တရာယ် အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့သည်။ ဟောပြောပွဲသို့ မြို့နယ်မီးသတ်စခန်းမှ အရာရှိများ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များ၊ တပ်ဖွဲ့ဝင်မိသားစုဝင်များ တက်ရောက် ခဲ့ကြကြောင်း သိရသည်။
ခရိုင် ပြန်/ဆက် (မြောင်းမြ)