ပန်ဆိုင်း(ကြူကုတ်)မြို့တွင် သဘာဝဘေးအန္တရာယ် အသိပညာပေး နံရံကပ်ဘုတ်ပြသ

ပန်ဆိုင်း မေ ၁

ရှမ်းပြည်နယ်( မြောက်ပိုင်း)၊ မူဆယ်ခရိုင်၊ ပန်ဆိုင်း(ကြူကုတ်) မြို့၌ မိုးကြိုကာလတွင်ဖြစ်တတ် သော မုန်တိုင်းအန္တရာယ်၊ မိုးကြိုးပစ်ခြင်းနှင့်လေပြင်းတိုက်ခိုက်ခြင်းများ ဖြစ်ပေါ်တတ်သဖြင့် ပြည်သူများမှ သဘာဝဘေးအန္တရာယ်ကို ကြိုတင်သိရှိကြစေရန် ရည်ရွယ်၍ ယမန်နေ့ ညနေ (၃:၀၀) နာရီ အချိန်က သဘာဝဘေးအန္တရာယ် အသိပညာပေးအကြောင်းအရာများကို ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာန ရုံးတွင်းနံရံကပ်ပြဘုတ်များတွင် ပြည်သူများအား အသိပညာပေးပြသခဲ့သည်။

အဆိုပါနံရံကပ်ပြဘုတ်တွင် မုန်တိုင်းဖြစ်ပေါ်လာပါက ကြိုတင်ပြင်ဆင်ရန်အချက်များ၊ မုန်တိုင်း ကျရောက်ဆဲနှင့်ကျရောက်ပြီးအချိန်များတွင် လုပ်ဆောင်ရမည့်အချက်များ၊မုန်တိုင်းအန္တရာယ်အား ကြိုတင် သိရှိနိုင်ပြီး ပြင်ဆင်ဆောင်ရွက်နိုင်စေရန် ပြည်သူများအနေဖြင့် သဘောပေါက်လွယ် စေသည့်အရောင်ဖြင့် သတိပေးစနစ်များပါရှိသည့်အချက်များကို ပြသထားလျက်ရှိပြီး လမ်းသွား လမ်းလာမိဘပြည်သူများနှင့် ကျောင်းသား၊ ကျောင်းသူများက စိတ်ပါဝင်စားစွာ လာရောက်လေ့လာ ကြည့်ရှုကြကြောင်း သိရသည်။

ပန်ဆိုင်း(ပြန်/ဆက်)